Connect with us

INTERNATIONAL ORGANIZATION

COVID-19 ကြောင့်သေဆုံးနှုန်းက တုပ်ကွေးထက် ဆယ်ဆပိုများနိုင်မည် ဟု WHO အကြီးအကဲပြောကြား 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

COVID-19 ကြောင့် သေဆုံးနှုန်းသည် တုပ်ကွေးကြောင့် သေဆုံးနှုန်းထက် ဆယ်ဆပိုများနိုင်မည်ဟု ခန့်မှန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။

COVID-19 ဆိုင်ရာအထူးတာဝန်များနှင့်ပတ်သက်ပြီးအကျဉ်းချုပ်ပြောဆိုရာမှာ WHO အကြီးအကဲက ယခုအထိ ကမ္ဘာ့လူဦးရေ ၁.၃ သန်းကျော် ကူးစက်ခံထားရပြီး လူ ၈၀,၀၀၀ နီးပါး အသက်သေဆုံးခဲ့သည်ဟု ဆိုသည်။

“ဒီကပ်ရောဂါဟာ ကျန်းမာရေးပြဿနာတစ်ခုဆိုတာထက်အများကြီး ပိုတယ်။ အစိုးရတွေအကုန်လုံး   လူ့အဖွဲ့အစည်းတွေအကုန်လုံးက တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်” ဟု ၎င်းကပြောခဲ့သည်။

ချို့တဲ့၍ ပိုမိုထိခိုက်လွယ်တဲ့နိုင်ငံများတွင် အကြီးအကျယ် ပျက်စီးစေနိုင်ကြောင်း ၎င်းက  ဖြည့်စွက်ပြောခဲ့သည်။  ယခုအချိန်အထိ အကူအညီ မရှိ၊ အရေးယူဆောင်ရွက်မှုမရှိသော ချို့တဲ့သည့် နိုင်ငံများနှင့် ထိခိုက်လွယ်သောနိုင်ငံများအနေဖြင့် အပြင်းအထန်ပျက်စီး ဆုံးရှုံးမှုကိုခံစားရနိုင်သည်ဟု ဆိုသည်။

“နိုင်ငံနဲ့ ဒေသခွဲအဆင့် ဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေက နိုင်ငံများစွာကို လွှမ်းခြုံလျက်ရှိပါတယ်။ အာဖရိကရဲ့ကူးစက်ခံရသူအရေအတွက်ဟာ ယခုအခါမှာ နည်းပါးနေပေမဲ့  မြန်မြန်ဆန်ဆန် ကြီးထွားနေတယ်” ဟု ၎င်းကသတိပေးခဲ့သည်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ဟာ နိုင်ငံအဆင့်နဲ့ ကမ္ဘာ့အဆင့်တွေမှာ ခွဲထားစောင့်ကြည့်တာတွေကို မဖြစ်မနေ အလေးထားလုပ်ဆောင်ရမယ်။ ကျွန်တော်တို့ အတူတကွလုပ်ကြရမယ်။ အချိန်ဖြုန်းနေလို့ မရဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.