Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း  ၂၂,၀၀၀ ကျော် ရှိလာဟု WHO ဆို

ကမ္ဘာတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဧပြီ ၈ ရက်အထိ နိုင်ငံနှင့်ဒေသပေါင်း ၅၂ ခုမှ ပေးပို့သည့် အစီအရင်ခံစာများအရ COVID-19 ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၂,၀၇၃ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဧပြီ ၁၁ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် ကပ်ရောဂါအခြေအနေ နေ့စဉ် အစီရင်ခံစာ ထုတ်ပြန်ချက်များအရ သိရသည်။

ကျန်မာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှုအခြေအနေ အစီရင်ခံမှုစနစ်သည် လိုအပ်ချက်များရှိနေသေးခြင်းကြောင့်  သက်ဆိုင်ရာအချက်အလက်များသည် အကန့်အသတ်ရှိကြောင်း ၊ ကမ္ဘာတစ်ဝန်း ကျန်းမာရေးဝန်ထမ်းရောဂါကူးစက်မှုအခြေအနေသည် လက်တွေ့မြေပြင်၌ ပို၍ ဆိုးဝါးနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း  ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါကူးစက်မှုအခြေအနေကို သိရှိရန်မှာ အလွန်ရေးကြီးကြောင်း ၊ ကနဦး သုတေသနရလဒ်များအရ ကျန်းမာရေးဝန်ထမ်းများသည်  ဆေးကုသသည့်နေရာနှင့် လူနေရပ်ကွက်များတွင်ပါ ကူးစက်ခံရသည်အခြေအနေရှိရာ ၎င်းတို့အနက် အများစုမှာ မိသားစုဝင်များကြောင့် ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ကမ္ဘာတစ်ဝန်း  ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း  ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း  ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း  ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း  ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆေးကုသရာတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးပစ္စည်းများကို မှန်ကန်တိကျစွာ အသုံးပြုသင့်ကြောင်း ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အကာအကွယ်ပေးရန်၊ ရောဂါတိုက်ဖျက်မှုတွင် ခြေကုန်လက်ပန်းကျမှုဖြစ်နိုင်ခြေများကို လျှော့ချရန် တိုက်တွန်းထားသလို  ကျန်မာရေးဝန်ထမ်းများ၏ ကောင်းမွန်သင့်မြတ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ ခံစားပိုင်ခွင့်၊လုပ်ပိုင်ခွင့်များကို လေးစားရန် တိုက်တွန်း ပြောကြားထားသည်။ဧပြီ ၁၁ ရက် ဗဟို ဥရောပစံတော်ချိန် ၁၁:၁၀ နာရီအထိ တစ်ကမ္ဘာလုံးတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁,၆၁၀,၉၀၉ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၉၉,၆၉၀ဦး ရှိကြောင်း သိရသည်။ (Xinhua)