Connect with us

INTERNATIONAL ORGANIZATION

တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါ ဖြစ်ပွားသူ တစ်သိန်းကျော်ရှိပြီဖြစ်၊ နိုင်ငံအသီးသီးအနေဖြင့် အားကောင်းသည့် ရောဂါတားဆီးမှုများကို လုပ်ဆောင်ကြရန် WHO တိုက်တွန်း 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) 

လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19ရောဂါ အတည်ပြုလူနာ တစ်သိန်းကျော် ရှိပြီဖြစ်ရာ ရောဂါပြန့်ပွားမှု အခြေအနေ အပြောင်းအလဲဖြစ်စေရန်နှင့်လျော့နည်းလာစေရန်အတွက် နိုင်ငံအားလုံးအနေဖြင့် အားကောင်းသည့် ရောဂါ တားဆီးမှုများကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများ၏ အတွေ့အကြုံအရ အများ သင့်လျော်စွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများမှတစ်ဆင့် ဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားခြင်းကို လျော့နည်းစေရန် နှင့် ရောဂါအခြေအနေ သက်ရောက်မှုများ လျော့နည်းလာစေရန် အမှန်တကယ် ဆောင်ရွက်နိုင်ကြောင်း  ကြေညာချက်တွင် ဖော်ပြထားသည်။အဆိုပါနည်းလမ်းများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး ပါဝင်ဆောင်ရွက်ခြင်း၊ ရောဂါကူးစက်သူများ အား တည်ပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရောဂါဖြစ်ပွားသူနှင့်နီးကပ်သူများအား ခြေရာခံစောင့်ကြည့်ခြင်း၊ ဆေးရုံဆေးခန်းများအား အတည်ပြုလူနာအရေအတွက် မြင့်တက်လာသည့်အခါ  အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခြင်း၊ ကျန်းမာရေး ဝန်ထမ်း များအား သက်ဆိုင်ရာ လေ့ကျင့်မွမ်းမံသင်တန်းများ ပို့ချထားခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို လျော့နည်းအောင် ဆောင်ရွက်ခြင်း သည် သုတေသီများ ထိရောက်သည့် COVID-19ရောဂါ ကုထုံးနှင့် ကာကွယ်ဆေး ဖော်ထုတ်နိုင်ရန် လူမှုအသိုက်အဝန်းတစ်ခုလုံး၏ ကျန်းမာရေးစနစ် အတွက် အချိန်လုပေးခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် အလေးထား ဖော်ပြထားသည်။ 

နိုင်ငံအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သူများ၊ ပညာရှင်များနှင့် ကွန်ရက်ချိတ်ဆက် ကာ နိုင်ငံတကာ တုန့်ပြန်မှုများကို ညှိုနှိုင်းဆောင်ရွက်ပြီး လမ်းညွှန်ချက်များ ၊ ထောက်ပံ့ ရေးပစ္စည်းစီမံမှုများ၊ အသိပညာပေးလုပ်ငန်းများနှင့် ရောဂါကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ သတင်းအချက်အလက်များပေးခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ နေ့စဉ် ရောဂါဖြစ်ပွားမှုအခြေအနေ အစီရင်ခံချက်များ အရ မတ် ၇ ရက် ဗဟို ဥရောပ စံတော်ချိန်(CET)နံနက် ၁၀ နာရီအထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၁၀၁,၉၂၇ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၄၈၆ ဦးရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.