ကိုလံဘို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်ရေးအတွက် ကျန်းမာရေးဌာနသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်းပေးသည့် အတွက် တရုတ်နိုင်ငံအား သီရိလင်္ကာနိုင်ငံက ဇန်နဝါရီ ၁၂ ရက်ချီးကျူးဂုဏ်ပြုခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ပြည်သူများအနေဖြင့် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်ရန် COVID-19 ရောဂါ တိုက်ဖျက်ရေး အားဖြည့်ကာကွယ်ဆေး ထိုးနှံကြရန် တရုတ်နိုင်ငံမှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) အပါအဝင် ထပ်မံပေါ်ထွက်လာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ဆက်လက်ကာကွယ်ရန် ပံ့ပိုးမည်ဆိုပါက လက်ရှိ COVID-19 ကာကွယ်ဆေးများအား အဆင့်မြှင့်တင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း သန်း ၃၀၀ ကျော်ရှိလာပြီး သေဆုံးသူစုစုပေါင်း ၅ ဒသမ ၄၉ သန်းနီးပါးအထိ ရှိလာကြောင်း၊ အိုမီခရွန်ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်စွာ...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၁၀ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၁၉၂ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏...
ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် “ အားကြီးသော ဒီလှိုင်း”ကဲ့သို့ ဥရောပတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ကူးစက်ပြန့်နှံ့လာနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ နေထိုင်သူတစ်ဦးထံမှ COVID-19 အိုမီခရွန်မျိုးဗီဇကွဲ ပထမဆုံး လူအုပ်စုအတွင်းကူးစက်ပြန့်နှံ့မှုအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ကမ္ဘောဒီးယားနိုင်ငံ Pasteur အဖွဲ့အစည်းက ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သည့်...
နယူးယောက်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ သန်း ၃၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) မှ သိရသည်။ အမေရိကန်နိုင်ငံတွင် အတည်ပြုလူနာပေါင်း ၅၈,၄၄၉,၈၉၈ ဦးနှင့် သေဆုံးသူ ၈၃၃,၉၅၇ ဦးရှိပြီး ကမ္ဘာတစ်ဝန်းတွင်...
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 အိုမီခရွန် ဗီဇမျိုးကွဲဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ကမ္ဘာကြီးအတွက် ထိရောက်၍ ဘေးကင်းပြီး ခမ်းနားကြီးကျယ်သော ဆောင်းရာသီအိုလံပစ် အားကစားပွဲများ ကျင်းပရန် ယုံကြည်ချက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။ ၂၀၂၂...