ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစပ်ပြန့်နှံ့မှု မြင့်မားလာသည်နှင့်အမျှ အမေရိကန်ဆေးဝါးကုမ္ပဏီ Modena၊ Johnson & Johnson နှင့် Pfizer စသည့်ကုမ္ပဏီများက ၎င်းတို့သည် ဤဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို စတင်တီထွင်နေပြီ ဖြစ်ကြောင်း အသီးသီးထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံမှုကို အကောင်အထည်ဖော်ခြင်းသည် နိုင်ငံအသီးသီး ကိုဗစ်ကပ်ရောဂါအန္တရာယ်မှ ရုန်းထွက်မည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လစ္စဘွန်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ၌ COVID-19 ဗီဇပြောင်း အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်မှုအား ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်းတစ်သင်းနှင့် ဆက်စပ်လျက် တွေ့ရှိခဲ့ပြီး ယင်း ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာအား နိုဝင်ဘာ ၃၀ ရက်တွင် တွေ့ရှိအတည်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်း ကူးစက်မှု တစ်ဟုန်တိုးမြင့်မားလာမည့် “အန္တရာယ် အလွန်များ”ပြီး အချို့ဒေသများတွင် ဆိုးဝါးသည့် နောက်ဆက်တွဲများ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များက အိုမီခရွန် ဗိုင်းရပ်စ် မျိုးကွဲကို လေ့လာမှုများ...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် နိုဝင်ဘာ ၂၉ ရက်အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေ ၂.၄၉၉၈၁၃ ဘီလီယံ ရှိပြီဖြစ်ရာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော လူဦးရေ ၁.၁ ဘီလီယံ ကျော် ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက နိုဝင်ဘာ ၃၀...
နယူးဒေလီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် COVID-19 မျိုးဗီဇကွဲဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကူးစက်ခံရသောနိုင်ငံများမှ နိုင်ငံတကာလေကြောင်းလိုင်း ပျံသန်းမှုများအား ချက်ချင်းရပ်ဆိုင်းရန် နယူးဒေလီမြို့တော် ဝန်ကြီးချုပ် Arvind Kejriwal က နိုဝင်ဘာ ၃၀ ရက်၌ တိုက်တွန်းလိုက်ကြောင်း သိရသည်။ “နိုင်ငံများစွာက...
ဖနွမ်းပင်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) သို့မဟုတ် B.1.1.529 ဟုသိကြသော COVID-19 ဗီဇပြောင်း မျိုးကွဲအသစ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် အာဖရိကရှိ နိုင်ငံ ၁၀ နိုင်ငံမှ ခရီးသည်များပြည်ဝင်ခွင့်ကို ကမ္ဘောဒီးယားနိုင်ငံက နိုဝင်ဘာ ၂၉ ရက် ညဉ့်သန်းခေါင်ကျော်တွင် တားမြစ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ကျန်းမာရေးဝန်ကြီး...
တိုကျို၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက COVID-19 ဗီဇမျိုးကွဲဗိုင်းရပ်စ်ဖြစ်သော အိုမီခရွန် (Omicron) ဗိုင်းရပ်စ်အား နိုင်ငံအတွင်း ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့ကြောင်း ဂျပန် အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ ရောဂါပိုးကူးစက်ခံရသောပုဂ္ဂိုလ်မှာ တိုကျိုမြို့အနီး နာရီတာလေဆိပ်တွင် နိုဝင်ဘာ ၂၈...
မော်စကို ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ကူးစက်ရောဂါ နှင့် အဏုဇီဝဗေဒဆိုင်ရာ Gamaleya အမျိုးသားသုတေသနစင်တာက COVID-19 အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား တိုက်ဖျက်ရန် ရည်ရွယ်သည့်လိုက်လျောညီစွာ ပြုပြင်ထားသော Sputnik ကာကွယ်ဆေး ပုံစံအသစ်တစ်မျိုးအား စတင်ဖော်စပ်နေကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ စင်တာက...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) လက်ရှိကာကွယ်ဆေးများသည် အသစ်ပေါ်ထွက်လာသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် အပေါ် အလားတူ ထိရောက်မှုရှိကြောင်း တောင်အာဖရိက အဆင့်မြင့်ကျန်းမာရေး ပညာရှင်တစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နားလည်ထားတဲ့အခြေအနေနဲ့ အခြားဂရုပြုရန်လိုအပ်တဲ့ သန္ဓေပြောင်း ဗိုင်းရပ်စ်တွေရဲ့ ကာကွယ်ဆေးအပေါ်တုန့်ပြန်မှုတွေအရ ကြိုတင်ခန့်မှန်းနိုင်တာကတော့...