ဒူဘိုင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးကို အသက် ၃ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ဩဂုတ် ၄ ရက်တွင် သန်း ၂၀၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဩဂုတ် ၃ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၇ သန်းကျော် ထိုးနှံပေးထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ကိုလံဘို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ချိန်မှစ၍ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ဆေးဝါးများ ထုတ်လုပ်ရေး ၊ ထောက်ပံ့မှု နှင့် စည်းမျဉ်းဆိုင်ရာ...
ကန်ဘာရာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ လူဦးရေထူထပ်သော ဆစ်ဒနီမြို့တွင် Delta ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှုကို ဆက်လက်တိုက်ဖျက်နေချိန်တွင် ကာကွယ်ဆေးထိုးနှံမှု ခံယူမည့် ဩစတြေးလျနိုင်ငံသားများအား ငွေသားဆွဲဆောင်မှုဆုကြေးတစ်မျိုးကို ဩဂုတ် ၂ ရက်၌ အတိုက်အခံပါတီက အဆိုပြုထားကြောင်း သိရသည်။ လေဘာပါတီခေါင်းဆောင် Anthony Albanese က ဒီဇင်ဘာ...
ဝါရှင်တန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ရီပတ်ဘလီကန်ပါတီမှ ဝါရင့် ဆီးနိုတ်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) သည် COVID-19 ရောဂါ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်သော်လည်း အခမ်းအနားတစ်ခုအတွက် တနင်္လာနေ့မွန်းလွဲပိုင်းက ဆေးစစ်ရာ positive ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဂရေဟမ်သည် ယခုလပိုင်းများအတွင်း အမေရိကန်ဆီးနိုတ်လွှတ်တော်အမတ်များထဲတွင် ပထမဆုံး...
ပေကျင်း ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအတွင်းရှိ မူလတန်း နှင့် အလယ်တန်းကျောင်း ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား ၎င်းတို့၏ ကျန်းမာရေးအခြေအနေများသည် COVID-19 ရောဂါထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသည့် ပြဌာန်းချက်များနှင့် ပြည့်စုံချိန်တွင် စာသင်ကျောင်းသို့ ပြန်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်တွင်...