နယူးဒေလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပွားလာနိုင်သည့် COVID-19 တတိယလှိုင်းအား ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် လာမည့် ရက်ပေါင်း ၁၀၀ မှ ၁၂၅ ရက်သည် အရေးကြီးကြောင်း အိန္ဒိယဖက်ဒရယ်အစိုးရက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အမျိုးသား ဆေးဝါးကြီးကြပ်ရေးဌာန(NMRA)က တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာ ဆေးဝါးထုတ်လုပ်ပံ့ပိုးရေးနှင့်ကြီးကြပ်ရေးဝန်ကြီး Channa Jayasumana က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။
နယူးဒေလီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 တတိယလှိုင်းသည် ဩဂုတ်လကုန်ပိုင်းတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယ ထိပ်တန်း ကျန်းမာရေး သုတေသနအဖွဲ့ဖြစ်သော အိန္ဒိယ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) ၏ ကူးစက်ရောဂါဗေဒနှင့် ကူးစက်ရောဂါများဌာန အကြီးအကဲ ဒေါက်တာ Samiran Panda က ဇူလိုင်...
လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင်ကျောင်းသားများထံသို့ စာဖြင့် အကြောင်းပြန်ခဲ့ကြောင်း သံရုံးမှ ယနေ့ ထုတ်ပြန်ဖော်ပြခဲ့သည်။
စင်ကာပူ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) သင်္ဘောပေါ်တွင် COVID-19 ဖြစ်ပွားမှုတွေ့ရှိပြီးနောက် အပျော်စီးသင်္ဘောတစ်စင်းသည် စင်ကာပူနိုင်ငံသို့ ပြန်လှည့်လာခဲ့ရကြောင်း Straits Times သတင်းစာက ဇူလိုင် ၁၃ ရက်တွင်ဖော်ပြခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (၁.၄)ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ ကိုယ်ခံစွမ်းအား မဟာတံတိုင်းကို တစ်ဆင့်တိုး တည်ဆောက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ထုတ်လုပ်မှုမတူညီသည့် ကာကွယ်ဆေးများကို ရောနှော ထိုးနှံခြင်း မပြုကြဖို့နှင့် ၎င်းမှာ အန္တရာယ်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathanက ဇူလိုင် ၁၂ ရက်က သတိပေး ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် လူခန္ဓာကိုယ်ကျန်းမာရေးကို သက်ရောက်သည့် အချက်အလက် အကန့်အသတ်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မြန်နိုင်ငံ၌ COVID-19 တတိယလှိုင်းတွင် ကူးစက်ခံရမှုနှုန်း နေ့စဉ်မြင့်တက်လျက်ရှိကြောင်း နှင့် COVID-19 ကုသရေးစင်တာများ၌ အောက်ဆီဂျင်လိုအပ်သူများအတွက် အောက်ဆီဂျင် မပြတ်လပ်စေရေးနှင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ထားရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ဆင်ဟွာသို့...