ခတ္တမန္ဒူ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသည် ၄၅ နှစ်ကြာ ကျင့်သုံးခဲ့သည့် လက်ရေးမူဖြင့်ရေးသွင်းရသော ဗီဇာစနစ်ကို ဇွန် ၂၈ ရက်မှစတင်ကာ ဒစ်ဂျစ်တယ်ဗီဇာစနစ်ဖြင့် စတင်အစားထိုးအသုံးပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လာခဲ့ရာ တနင်္လာနေ့အထိ ကိုဗစ်ကာကွယ်ဆေး ကြိမ်ရေ (၁.၂ )ဘီလီယံကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ (Xinhua) ————————————————– (English Version) Over 1.2 bln doses of...
ဂျကာတာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ကလေးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် နှောင့်နှေးခြင်းမရှိဘဲ COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ အစိုးရ ၏ ဇွန် ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂၂,၈၆၈ ဦးရှိပြီး ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှစ၍ အမြင့်ဆုံး စံချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နှင့် ရောဂါ ကူးစက်ခံရသူ...
ဖနွမ်းပင် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ လူပေါင်း ၄ သန်းသည် ယခုချိန်ထိ အနည်းဆုံး တစ်ကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်(Samdech Techo Hun Sen) က ဇွန် ၂၈...
တူနီးရှား ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ဝန်ကြီးချုပ် Hichem Mechichi သည် COVID-19 ရောဂါစစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရသဖြင့် လက်ရှိချိန်တွင် သီးသန့်ခွဲခြားနေထိုင်မှု ဆောင်ရွက်နေကြောင်း တူနီးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး က ဇွန် ၂၅ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကွမ်ကျိုး၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ်အား ကာကွယ်ရာတွင် အကျိုးသက်ရောက်မှုရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန်တိုက်တွန်းကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါဗေဒပညာရှင် Zhong Nanshan က ဇွန် ၂၅ ရက်တွင် ပြောသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၏မြို့တော် ကွမ်ကျိုး၌...
ဆန်တီရာဂို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပြန်လာသူ ချီလီနိုင်ငံသား လူနာတစ်ဦး၏ ရလဒ်များအား လေ့လာဆန်းစစ်ပြီးနောက် ဇွန် ၂၄ ရက်၌ COVID-19 ရောဂါဖြစ်ပွားစေတတ်သော ဗီဇပြောင်း Delta ဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရမှုကို အတည်ပြုခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ “အမေရိကန်နိုင်ငံကနေလာရောက်ခဲ့ပြီး ဆန်တီရာဂိုလေဆိပ်မှတစ်ဆင့်...
ဒါကာ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပြီး မြို့တော် ဒါကာနှင့် ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ဇွန် ၂၃ ရက် နံနက် ၁၂:၀၁ နာရီမှစတင်ကာ မြို့တော်မှ အဝင်၊ အထွက် ရထားများအားလုံးကို...
ဝါရှင်တန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ mRNA COVID-19 ကိုဗစ်ကာကွယ်ဆေးထိုးနောက်ပြီးနောက် လူငယ်များတွင် နှလုံးကြွက်သားယောင်ယမ်းခြင်းနှင့် နှလုံးအမြှေးပါးယောင်ခြင်းများဖြစ်ပွားမှုပေါင်း ၁,၂၀၀ ကျော် ထိရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (CDC) မှ ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။