Connect with us

WORLD

တရုတ်နိုင်ငံက ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ကာကွယ်ဆေးကို ဖော်ထုတ်နေခြင်းဖြစ်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinovac Biotech လီမိတက်တွင် ဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများ ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန် ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသခဲ့သော တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် စိတ်ဝင်စားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သလို ဗိုင်းရပ်စ်တိုက်ပွဲကို အောင်မြင်မှုရရှိရန် နောက်ဆုံးဖြေရှင်းမှုအတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။

ထိုသို့ ကာကွယ်ဆေးများကို ခင်းကျင်းပြသခြင်းသည် တရုတ်နိုင်ငံ၏ ပွင့်လင်း၍ အားလုံးပါဝင်သော သဘောထားဖြင့် ကာကွယ်ဆေးဖော်ထုတ်သည်သာမက COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဖော်ထုတ်ရန် ကတိပေးထားခြင်းကို ဖြည့်ဆည်းပေးမည့် သန္နိဌာန်ပင် ဖြစ်သည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးများရရှိသည့်အခါ ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကာကွယ်ဆေးများ အသုံးပြုနိုင်ရေးနှင့် လက်ခံနိုင်ရေးအတွက် ကူညီသွားမည်ဆိုသည်ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပြီးဖြစ်သည်။

 

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ China National Pharmaceutical Group (Sinopharm) ကာကွယ်ဆေးထုတ်လုပ်သောစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများ ထုတ်ယူနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုတွင် နည်းပညာချဉ်းကပ်မှု ငါးခုဖြင့် ဆောင်ရွက်နေပြီး နိုင်ငံ၏ အရင်းအမြစ်များ ထုတ်ယူလျက် ယခင်က ကာကွယ်ဆေးဖော်ထုတ်မှု အတွေ့အကြုံများ ကျေးဇူးဖြင့် လုပ်ငန်းစဉ်မြန်ဆန်စေရန် လုပ်ဆောင်ခဲ့သည်။

စစ်ဘက်ဆိုင်ရာ သိပ္ပံ အကယ်ဒမီအောက်ရှိ စစ်ဘက်ဆေးဝါးအင်စတီကျူ့မှ ဖော်ထုတ်ခဲ့သည့် မတ် ၁၆ ရက်က ပထမအဆင့် စမ်းသပ်မှုစတင်ခဲ့သော ကာကွယ်ဆေး (recombinant vaccine) သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးဖြစ်သည်။ ထို့ပြင် နောက်ထပ် ကာကွယ်ဆေးများသည်လည်း လက်တွေ့စမ်းသပ်မှု အဆင့်-၁ နှင့် အဆင့်-၂ များတွင် ရလဒ်များ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ကာကွယ်ဆေး လေးမျိုးမှာလည်း ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာအဆင့် လက်တွေ့စမ်းသပ်မှု အဆင့်-၃ အထိ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးဖော်ထုတ်သူများသည် ကာကွယ်ဆေးများ သင့်တင့်လျောက်ပတ်စွာနှင့် အသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း အရှိန်မြှင့်တင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး (recombinant COVID-19 vaccine) အရေအတွက် သန်း ၃၀၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ 

ထို့ပြင် COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) နှစ်မျိုး ဖော်ထုတ်ထားသော China National Biotec Group ကလည်း ထုတ်လုပ်ရေးအလုပ်ခွင်နေရာများ တည်ဆောက်ထားပြီးဖြစ်ရာ တစ်နှစ်လျှင် inactivated COVID-19 vaccine အရေအတွက် သန်း ၃၀၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ 

ကာကွယ်ဆေးဖော်ထုတ်သူများအနေဖြင့် ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို ထပ်မံတိုးချဲ့ရန် ကတိပြုထားသည်။

ကပ်ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် မည်သည့်နိုင်ငံမျှ တစ်နိုင်ငံတည်းဖြင့် အောင်မြင်မှုမရရှိနိုင်ပေ။ တရုတ်နိုင်ငံသည် မြောက်များစွာသော လူဦးရေ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးသည် နီးကပ်စွာ ချိတ်ဆက်ထားသည့်အတွက် နှစ်ဦးနှစ် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတွင် ကာကွယ်ဆေးထုတ်လုပ်မှုကို သုံးသပ်လျက်ရှိသည်။

ကမ္ဘာကြီးကို ဘေးကင်း၍ ထိရောက်မှုရှိသော အရည်အသွေးမြင့်မားသည့် ကမ္ဘာ့ပြည်သူ့ကုန်စည်တစ်ခုနှင့်အတူ ကမ္ဘာကြီးကို ထောက်ပံ့ပေးရန် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးဖော်ထုတ်သူများသည် နိုင်ငံတကာ စံနှုန်းများနှင့် သိပ္ပံနည်းကျ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်လျက်ရှိသည်။

သုတေသီများက နိုင်ငံတကာ သိပ္ပံပညာရပ်ဆိုင်ရာ ဂျာနယ်များတွင် လက်တွေ့စမ်းသပ်မှု ရလဒ်များ ဖော်ပြခဲ့သည်မှာ တရုတ်နိုင်ငံ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းတွင် ပွင့်လင်းမြင်သာမှုရှိပြီး အချက်အလက်မျှဝေမှုအတွက် သရုပ်ပြဆည်းကပ်ခြင်းသာမက ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးဖော်ထုတ်မှု မြှင့်တင်ခြင်းဖြင့် “ပြည်သူ့ကုန်စည်” အဖြစ်အသုံးပြုရန် ကတိကို လက်တွေ့လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့်အတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇအစီအစဉ် အပြည့်အစုံ မျှဝေခဲ့ပြီး ကာကွယ်ဆေးဖော်ထုတ်မှုတွင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် ခိုင်မာသော အုတ်မြစ်တစ်ခု အဖြစ်တည်ရှိခဲ့သည်။

ရောဂါစစ်ဆေးမှုနည်းလမ်းများနှင့် အညွှန်းများ ထုတ်ပြန်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးဖော်ထုတ်သူများသည် အခြားသောနိုင်ငံများမှ သုတေသီများကို ကူညီပေးခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးများသည် ကမ္ဘာ့ခွန်အားများ စုပေါင်းပါဝင်ပြီး ကမ္ဘာနှင့်ချီ မျှဝေသွားမည် ဖြစ်သည်။ COVID-19 ကာကွယ်ဆေးများ ဖော်ထုတ်မှုကို စီးပွားရေးအရ သို့မဟုတ် နိုင်ငံရေးပြိုင်ပွဲတစ်ခုအဖြစ် သဘောမထားသင့်ပေ။ အဆိုပါ ကိစ္စသည် ဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့် လူသားများ၏ အသက်ကို ကယ်တင်ရန် အတူတကွ လုပ်ဆောင်ရမည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

ကာကွယ်ဆေးကို မည်သည့်နိုင်ငံ တစ်နိုင်ငံကမျှ လက်ဝါးကြီးအုပ်ခြင်း မလုပ်ဆောင်သင့်ဘဲ နိုင်ငံများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပေါကြွယ်ဝစွာ အားလုံးအသုံးပြုသင့်ပေသည်။

COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဖော်ထုတ်ရန် တရုတ်နိုင်ငံ၏ ကတိကဝတ်သည် အားလုံးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေး ကူညီမှုများ ဆောင်ရွက်ရန် ဆန္ဒ၏လက္ခဏာတစ်ရပ် ဖြစ်သည်။ ကာကွယ်ဆေး ဖော်ထုတ်ရာတွင် တရုတ်နိုင်ငံ၏ ခိုင်မာသောဆောင်ရွက်ချက်များသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး၌ အဆောတလျင်အောင်မြင်မှု ရရှိရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.