Connect with us

WORLD

တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံသို့ အောက်ဆီဂျင်ဖြည့်စက်အများအပြား ကူညီပေးလျက်ရှိကြောင်း သံအမတ်ကြီးပြောကြား

ပုံစာ- ၂၀၂၁ခုနှစ်၊ ဧပြီ၁၀ ရက်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ Uttar Pradesh ပြည်နယ်၊ Prayagraj ဆေးရုံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော အမျိုးသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ အောက်ဆီဂျင်ဖြည့်စက် (oxygen concentrator) အများအပြား ထောက်ပံ့ပေးခြင်း နှင့်အိန္ဒိယ အတွက် အောက်ဆီဂျင်ဖြည့်စက် နှင့် အခြား ဆေးပစ္စည်းကိရိယာများကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Sun Weidong က မေ၄ ရက်တွင် ၎င်း၏ တွစ်တာအကောင့်၌ ရေးသားခဲ့သည်။

“အိန္ဒိယပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို တုံ့ပြန်ဖို့ တရုတ်ကုမ္ပဏီတွေဟာ လူ့အသက်တွေကို ကယ်တင်ဖို့ အလေးထားရင်း လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်နဲ့ ရှေ့ဆက် လုပ်ကိုင်ဆောင်ရွက်နေပါတယ်’’ ဟု Sun က တွစ်တာတွင် ရေးသားခဲ့သည်။“ဒါဟာ သူတို့ရဲ့ လူမှုရေးတာဝန်ယူမှုအပြင် ကောင်းမွန်တဲ့စေတနာနဲ့ အိန္ဒိယနိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးမှာ ကူညီပေးတယ်ဆိုတာ ဖော်ပြနေပါတယ်’’ဟု ဆိုသည်။

တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ တရုတ်နိုင်ငံသည် ဧပြီလကတည်းက အိန္ဒိယနိုင်ငံသို့ အသက်ရှူစက် (ventilator) ၅၀၀၀ ကျော်၊ အောက်ဆီဂျင်ထုတ်စက်ကြီးများ ၂၁,၅၆၉ ခု၊ နှာခေါင်းစည်း ၂၁.၄၈သန်းကျော် နှင့် ဆေးဝါးတန်ချိန် ၃,၈၀၀ ခန့် ထောက်ပံ့ပေးခဲ့ကြောင်း Sun က ဧပြီ ၂၉ ရက်တွင် ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။

တရုတ်ကုမ္ပဏီများအနေဖြင့် အနည်းဆုံး အောက်ဆီဂျင်ထုတ်စက်ကြီးအလုံးရေ ၄၀,၀၀၀ ကို အရှိန်မြှင့် ထုတ်လုပ်ခဲ့ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံးပို့ဆောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံအမတ်ကြီးကဆိုသည်။တရုတ်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် အိန္ဒိယနိုင်ငံသို့ အကူအညီအမျိုးအမျိုးပေးနိုင်ရန် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းများအသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

အိန္ဒိယနိုင်ငံသည် COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်မှု ရင်ဆိုင်နေရပြီး ပြည်နယ်အများစုရှိ ဆေးရုံများသည် ဆေးဝါးများ၊ ဆေးဝါးပစ္စည်းကိရိယာများ၊ အောက်ဆီဂျင်နှင့် လူနာကုတင်နေရာများ မလုံလောက်မှုပြဿနာဖြင့် ရုန်းကန်နေရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ စုစုပေါင်း COVID-19 ဖြစ်ပွားမှုမှာ သန်း၂၀ သို့ ကျော်လွန်ခဲ့ပြီး ဧပြီ ၄ ရက်တွင် အတည်ပြုလူနာစုစုပေါင်း ၂၀,၂၈၂,၈၃၃ ဦး အထိ ရောက်ရှိခဲ့ကြောင်း၊ လွန်ခဲ့သော ၂၄ နာရီအတွင်း တစ်နိုင်ငံလုံး၌ အတည်ပြုလူနာသစ် ၃၅၇,၂၂၉ ဦး ရှိခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ထို့ပြင် ထပ်မံသေဆုံးသူ ၃,၄၄၉ ဦး ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၂၂,၄၀၈ ဦးရှိလာကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

China provides most oxygen concentrators to India: ambassador
NEW DELHI, May 4 (Xinhua) — As far as it goes, China provides most oxygen concentrators to India, and keeps producing oxygen concentrators and other medical equipment for India, Chinese Ambassador to India Sun Weidong said Tuesday in a tweet.
“Chinese companies carry forward the spirit of humanitarianism, focus on saving lives, respond to wants and needs of the Indian people,” Sun said in another tweet.
“That reveals their social responsibilities as well as the goodwill in helping India fight COVID-19,” said the tweet.
Since this April, China has supplied more than 5,000 ventilators, 21,569 oxygen generators, over 21.48 million masks and around 3,800 tons of medicines to India, according to statistics of the General Administration of Customs of China, Sun said in a tweet on April 29.
Chinese companies have been accelerating production of at least 40,000 oxygen generators for India, and are working at a fast pace to deliver as soon as possible, the Chinese ambassador said.
Many Chinese firms and private organizations are also using their own channels to provide various help to India, he said.
India is struggling with the second wave of COVID-19 pandemic as hospitals in several states are reeling under a severe shortage of drugs, equipment, oxygen and beds.
India’s COVID-19 tally crossed the 20-million mark, reaching 20,282,833 on Tuesday, confirmed the federal health ministry, with 357,229 new cases registered across the country during the past 24 hours.
Besides, 3,449 new deaths were recorded, taking the death toll to 222,408. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.