Connect with us

WORLD

 (နိုင်ငံတကာကပ်ရောဂါသတင်းသုံးသပ်ဆောင်းပါး) ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူစုစုပေါင်း သန်း ၁၅၀ ကျော်ရှိလာခဲ့ပြီး ကာကွယ်ဆေးမူပိုင်ခွင့်အား ကင်းလွတ်ခွင့် ပေးရန် WHO တိုက်တွန်း

ဧပြီ ၂၆ ရက်၌ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် လူများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူရန် စောင့်ဆိုင်းနေကြစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မေ ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းပြုစုချက်အရ မေ ၃ ရက်အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း သန်း ၁၅၀ ကျော်ရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ ၃.၂ သန်းခန့်ရှိလာခဲ့ကာ လတ်တလောရက်ပိုင်းတွင် အိန္ဒိယ နှင့် ဘရာဇီး နိုင်ငံတို့၌ ရောဂါထပ်မံကူးစက်ခံရသူက အတိုင်းအတာကြီးမားစွာတိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထုတ်လုပ်မှုအား အမြန်ဆုံးမြှင့်တင်နိုင်ရန် နှင့် ကာကွယ်ဆေးထိုးနှံမှု တွန်းအားပေးနိုင်ရန်အတွက် WHO က COVID-19 ရောဂါ ကာကွယ်ဆေးဆိုင်ရာ ဉာဏမူပိုင်ခွင့် (Intellectual property) များအား ယာယီကင်းလွတ်ခွင့်ပေးရန် ထပ်မံတိုက်တွန်းမှု ပြုလုပ်ခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က လွန်ခဲ့သည့် ၂ ပတ်အတွင်း ကမ္ဘာပေါ်ရှိ COVID-19 ရောဂါ ထပ်မံကူးစက်ခံရမှုသည် ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် နှစ်ဝက်အချိန်ထိ ကူးစက်ခံရမှုစုစုပေါင်းထက်ပင် များနေကြောင်း ၊ လွန်ခဲ့သည့် အပတ်၌ အိန္ဒိယ နှင့် ဘရာဇီးနိုင်ငံတို့မှ ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေမှာ ကမ္ဘာပေါ်ရှိ COVID-19 ရောဂါထပ်မံကူးစက်ခံရသူစုစုပေါင်း၏ ထက်ဝက်ကျော်နေကြောင်း ၊ ကမ္ဘာပေါ်တွင် နိုင်ငံအများအပြားက လက်ရှိချိန်တွင် မခိုင်မာသည့် ကပ်ရောဂါအခြေအနေအလားအလာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မေလ ၃ ရက်၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၃ ရက်၌ ထုတ်ပြန်ခဲ့သောစာရင်းပြုစုချက်အရ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၆၈,၁၄၇ ဦးရှိခဲ့ပြီး ယင်းမှာ ၁၂ ရက်မြောက် နေ့စဉ်လူပေါင်း ၃ သိန်းအထက် ရောဂါထပ်မံကူးစက်ခံရခြင်းဖြစ်ကာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉,၉၂၅,၆၀၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃,၄၁၇ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ ၂၁၈,၉၄၉ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ အဆက်မပြတ်ဆိုးရွားလာသောကြောင့် နေရာအနှံ့အပြားရှိ ICU ကုသခန်း ၊ ဆေးဘက်ဆိုင်ရာသုံးအောက်စီဂျင် နှင့် အသက်ရှူစက် စသည့် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ အရေးပေါ်လိုအပ်လျှက် ရှိရာ ဒေသတွင်းအစိုးရအသီးသီး က ကပ်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်မှုများကို တင်းကျပ်စွာဆောင်ရွက်လာခဲ့ရသည်။

ဆေးဘက်ဆိုင်ရာသုံးအောက်စီဂျင် လိုအပ်ချက်အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံအစိုးရက ဆောင်ရွက်မှုများစွာပြုလုပ်ခဲ့ပြီး အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ခြင်း ၊ အောက်ဆီဂျင်ပို့ဆောင်ပေးသော အထူးရထားခရီးစဉ် ပြေးဆွဲခြင်း ၊ စစ်ဘက်ဆိုင်ရာမှ အောက်ဆီဂျင်ပစ္စည်းကိရိယာများသယ်ယူပို့ဆောင်ပေးခြင်း နှင့် ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင်များတင်သွင်းခြင်း စသည်တို့ပါဝင်သည်။ အိန္ဒိယနိုင်ငံအတွင်းရှိ ဒေသအများအပြားလည်း “lockdown” ဆောင်ရွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မြို့တော် နယူးဒေလီတွင် လက်ရှိဆောင်ရွက်နေသော “lockdown” ဆောင်ရွက်မှုကို ၁၀ ရက်အထိ အချိန်ကာလတိုးမြှင့်ခဲ့သည်။
သို့သော် ဘရာဇီးအပါအဝင် အမေရိကတိုက်ဒေသ တစ်ခုလုံး၏ ကပ်ရောဂါအခြေအနေ မှာလည်း ကောင်းမွန်လာခြင်းမရှိသေးပါ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းပြုစုချက်အရ လက်ရှိချိန်တွင် ဘရာဇီးနိုင်ငံ၏ COVID-19 ရောဂါ ကူးစက်ခံရမှုသည် ကမ္ဘာပေါ်တွင် တတိယအများဆုံးဖြစ်နေပြီး အမေရိကန် နှင့် အိန္ဒိယ တို့နောက်တွင် ရှိနေကြောင်း၊ COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာလည်း ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်နေပြီး အမေရိကန်ထက် လျော့နည်းကာ အိန္ဒိယနိုင်ငံက တတိယနေရာတွင် ရှိနေကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ သတင်းမီဒီယာအုပ်စု ၏ ဧပြီ ၂၉ ရက်စာရင်းပြုစုချက်အရ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ သုညဦး မှ လူပေါင်း တစ်သိန်းအထိ ရောက်ရှိရန် ရက်ပေါင်း ၁၄၉ ရက် ကြာမြင့်ခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ လူပေါင်း တစ်သိန်း မှ နှစ်သိန်းအထိ ရောက်ရှိရန် ရက်ပေါင်း ၁၅၂ ရက်ကြာမြင့်ခဲ့ကြောင်း ၊ သေဆုံးသူ ၂ သိန်း မှ ၃ သိန်းအထိ ရောက်ရှိရန် ရက်ပေါင်း ၇၆ ရက်သာ ကြာမြင့်ခဲ့ပြီး သေဆုံးသူ ၃ သိန်း မှ ၄ သိန်းအထိ ရောက်ရှိရန် ရက်ပေါင်း ၃၆ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဘရာဇီး နှင့် အမေရိကန်နိုင်ငံ သည် ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေပြီ ယင်းဒေသတွင် ရောဂါကူးစက်ခံရသော လူဦးရေသည် ကမ္ဘာ့စုစုပေါင်း ကူးစက်ခံရသူဦးရေ၏ ၄၀ ရာခိုင်နှုန်းအထက်တွင်ရှိနေကြောင်း ၊ရောဂါကြောင့်သေဆုံးမှုသည် ကမ္ဘာ့စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထက်တွင် ရှိနေကြောင်း သိရှိရသည်။ ဧပြီ ၃၀ ရက်တွင်ကျင်းပပြုလုပ်သော တောင်အမေရိကတိုက်ဒေသ COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိချိန်၌ တောင်အမေရိကတိုက်ရှိ နိုင်ငံအများတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရမှုသည် မြင့်တက်လာခဲ့ပြီး နိုင်ငံအများ၏ ICU စောင့်ရှောက်မှုဆိုင်ရာ အရင်းအမြစ်များသည် ကပ်ရောဂါကြောင့် ပြိုလဲသွားကြောင်း ပြောကြားခဲ့သည်။
စာရင်းပြုစုချက်များအရ မေလ ၁ ရက်အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းခံယူမှုသည် အကြိမ်ရေ တစ်ဘီလီယံကျော်အထိ ရှိခဲ့ပြီးဖြစ်သော်လည်း ကာကွယ်ဆေး ထိုးနှံမှုအများစုမှာ ဝင်ငွေမြင့်မားသည့်နိုင်ငံများတွင်သာဖြစ်ကာ နိုင်ငံအများစုဖြစ်သည့် အလယ်အလတ် နှင့် ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင်မူ ကာကွယ်ဆေးမလုံလောက်သော အခက်အခဲ နှင့်ကြုံတွေ့နေရသည်။ ထို့ကြောင့် WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Gordon Brown တို့က COVID-19 ရောဂါကာကွယ်ဆေး ဉာဏမူပိုင်ခွင့်အား ယာယီကင်းလွတ်ခွင့်ပေးပြီး ကမ္ဘာ့ကာကွယ်ဆေး ထုတ်လုပ်မှုကို အမြန်ဆုံးမြှင့်တင်သွားနိုင်ရန် မေလ ၃ ရက်၌ အတူတကွ တိုက်တွန်းခဲ့ကြသည်။
Tedros Adhanom က ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူအများစုမှာ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် လူအများခုခံအား ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်မည် ဆိုပါက လိုအပ်သော ကာကွယ်ဆေးအရေအတွက်မှာ လက်ရှိရှိနေပြီးဖြစ်သော ကာကွယ်ဆေးထက် အတိုင်းအတာကြီးမားစွာ ကျော်လွန်နေကြောင်း ၊ ကာကွယ်ဆေးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်အတွက် ကာကွယ်ဆေးဆိုင်ရာ ဉာဏမူပိုင်ခွင့် အား ယာယီကင်းလွတ်ခွင့်ပေးခြင်းသည် လွန်စွာ အရေးပါပြီး ယင်းမှာ “ပရဟိတဆိုင်ရာ ပြဿနာ” တစ်ခုမဟုတ်ကြောင်း ပြောကြားခဲ့သည်။
Gordon Brown က COVID-19 ကာကွယ်ဆေး ဉာဏမူပိုင်ခွင့်အား ယာယီကင်းလွတ်ခွင့်ပေးခြင်းသည် အာဖရိကတိုက် နှင့် အခြား ကာကွယ်ဆေး မထုတ်လုပ်နိုင်သေးသည့် နေရာများ ကာကွယ်ဆေးစတင်ထုတ်လုပ်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိချိန်၌ တစ်ကမ္ဘာအတိုင်းအတာဖြင့် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန်အတွက် တောင်အာဖရိက နှင့် အိန္ဒိယ အပါအဝင် နိုင်ငံအများက COVID-19 ကာကွယ်ဆေးဆိုင်ရာ ဉာဏမူပိုင်ခွင့်အား ယာယီကင်းလွတ်ပေးရန် တိုက်တွန်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်က ယခင်အပတ်၌ COVID-19 ကာကွယ်ဆေး ဉာဏမူပိုင်ခွင့် ကင်းလွတ်ခြင်းဆိုင်ရာ ကိစ္စရပ်အား ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာအသီးအသီး အနေဖြင့် သိသာထင်ရှားသည့် သဘောတူညီချက်မရရှိခဲ့ကြောင်း သိရှိရသည်။ Tedros Adhanom နှင့် Tedros Adhanom တို့က G 7 အဖွဲ့အစည်း အနေဖြင့် ယာယီကင်းလွတ်ခွင့်အား တွန်းအားပေး အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကြသည်။ Tedros Adhanom က လက်ရှိချိန်တွင် ယာယီ ဉာဏမူပိုင်ခွင့် ကင်းလွတ်မှုကို မဆောင်ရွက်ပါက မည်သည့်အချိန်ထိစောင့်ဆိုင်ကြမည်နည်းဟု မေးခွန်းထုတ်ခဲ့ပြီး ရွေးချယ်နိုင်သော ဆောင်ရွက်မှုအားလုံးကို အသုံးပြုကာ အမြန်ဆုံး COVID-19 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း အထူးပြောကြားခဲ့သည်။ (Xinhua)

———————————————-
(Chinese Version)

(国际疫情)综述:全球累计新冠确诊病例超1.5亿 世卫呼吁豁免疫苗知识产权

  新华社日内瓦5月3日电综述:全球累计新冠确诊病例超1.5亿 世卫呼吁豁免疫苗知识产权
  新华社记者刘曲
  世界卫生组织统计数据显示,截至3日全球新冠确诊病例累计已超1.5亿例,累计死亡近320万例,其中印度和巴西近期新增确诊病例数大幅增加。为尽快提高全球疫苗产能、推进疫苗接种进度,世卫组织再次呼吁暂时豁免新冠疫苗相关的知识产权。
  世卫组织总干事谭德塞在3日的记者会上表示,过去两周全球报告的新增新冠确诊病例数比疫情开始后的前半年加起来还多;上周印度和巴西报告的新增确诊病例数占全球新增病例半数以上,全世界还有许多国家也都面临着非常脆弱的疫情形势。
  印度卫生部3日公布的数据显示,该国较前一日新增新冠确诊病例368147例,连续12天单日新增病例超过30万例,累计确诊19925604例;新增死亡3417例,累计死亡218949例。
  由于新冠疫情不断恶化,印度多地重症病床、医用氧气、呼吸机等医疗资源告急,当地政府纷纷宣布收紧疫情防控措施。为应对医用氧气短缺危机,印度政府已采取一系列措施,包括建立新的制氧厂、开通运送氧气的专列、动用军用飞机运送氧气设备、进口医用氧气等。印度多地也宣布实施“封城”,首都新德里将正在实施的“封城”措施延长至10日。
  而巴西乃至整个美洲地区的疫情同样不容乐观。世卫组织数据显示,目前巴西累计新冠确诊病例数排在全球第三,低于美国和印度;累计死亡病例数排在全球第二,仅低于美国,印度则排在第三。
  巴西媒体集团4月29日的统计数据显示,巴西累计新冠死亡病例从0增加到10万例用了149天,从10万例增加到20万例用了152天,从20万例增加到30万例用了76天,从30万例增加到40万例仅用了36天。
  目前,包括巴西和美国在内的世卫美洲区域仍是遭受疫情打击最严重的地区,确诊病例占全球40%以上、死亡病例占全球47%以上。世卫组织4月30日在有关美洲地区新冠疫情的记者会上表示,目前南美大多数国家报告的新增确诊病例仍有上升趋势,许多国家的重症监护资源已被疫情“压垮”。
  虽然数据显示截至5月1日全球接种的新冠疫苗累计已超过10亿剂,但大多数都发生在高收入国家,广大中低收入国家仍面临着疫苗短缺的困扰。为此,谭德塞和英国前首相戈登•布朗3日共同呼吁暂时豁免新冠疫苗知识产权,以尽快提高全球疫苗产能。
  谭德塞重申,如果要为全球大多数成年人接种新冠疫苗以实现群体免疫,所需的疫苗将大大超过现有数量;为提高疫苗产量,暂时豁免疫苗知识产权非常重要,这并不是一个“慈善问题”。
  布朗也表示,暂时豁免新冠疫苗知识产权可能有助于在非洲及其他尚未生产疫苗的地方开始生产疫苗。目前已有包括南非和印度在内的许多国家呼吁暂时豁免新冠疫苗知识产权,以便在全球范围内生产疫苗。
  世界贸易组织上周讨论了有关新冠疫苗知识产权豁免问题,但各方并未达成明确共识。谭德塞和布朗都呼吁七国集团推动临时豁免成为现实。谭德塞说:“如果此时我们还不使用它(指疫苗知识产权豁免),那要等到什么时候呢?”他强调,应使用“一切选项”尽快提高新冠疫苗产能。(完)

Photo
4月26日,众多市民戴着口罩在印度孟买排队等待接种新冠疫苗。新华社发