Connect with us

WORLD

ရုရှားနိုင်ငံ၌ ကမ္ဘာ့ပထမဆုံး လူသားတွင် ကူးစက်သည့် A(H5N8) ငှက်တုပ်ကွေးရောဂါ တွေ့ရှိ

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က အေးခဲကြက်သားများကိုတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်၌ ပထမဆုံး လူသားတွင် ကူးစက်သည့် ငှက်တုပ်ကွေးရောဂါ A(H5N8) ပိုး တွေ့ရှိကြောင်း ရုရှားနိုင်ငံကျန်းမာရေးအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှားသိပ္ပံပညာရှင်များက အဆိုပါ ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို နိုင်ငံတောင်ပိုင်းရှိ ကြက်မွေးမြူရေးခြံတစ်ခုမှ အလုပ်သမား ၇ ဦးထံတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒေသတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကတည်းက ဥစားအသားစားကြက်များတွင် ကြက်ငှက်တုပ်ကွေးပိုးပြန့်နှံ့နေသည်ကိုတွေ့ရှိခဲ့ကြောင်း ရုရှားနိုင်ငံ စားသုံးသူအခွင့်အရေး နှင့် လူသားကျန်းမာရေးလေ့လာစောင့်ကြည့်မှု ဌာန (Rospotrebnadzor ) အကြီးအကဲ Anna Popova ဆိုသည်။

လူသားများ နှင့် တိရစ္ဆာန်များကို ကာကွယ်ရန် နှင့် ရောဂါ ဆက်လက် ကူးစက် ပြန့်နှံ့မှုမရှိစေရန် လိုအပ်သော လုပ်ဆောင်မှုအစီအစဉ်အားလုံးကို ချက်ချင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယခုအခါ အဆိုပါ ရောဂါကူးစက်ခံရသော အလုပ်သမား ၇ ဦးမှာ မပြင်းထန်သော ရောဂါလက္ခဏာနှင့်အတူ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း Popova ကဆိုသည်။ (Xinhua)

…………………………………………

(English Version)
Russia confirms world’s 1st case of human infection with A(H5N8) bird flu virus

MOSCOW, Feb. 20 (Xinhua) — Russia has confirmed the first case of human infection with the avian influenza A(H5N8) virus in the world, a Russian sanitary official announced on Saturday.
Scientists have isolated the genetic material of this bird flu virus in seven workers of a poultry farm in south Russia, where an outbreak among fowls was reported in December, said Anna Popova, head of the country’s consumer rights and human well-being watchdog Rospotrebnadzor.
All the necessary measures were taken immediately to protect humans and animals, and the infection did not spread further, she told a briefing.
All of the seven people who were infected are now feeling well, with only mild clinical symptoms, Popova said.

Frozen chicken drumsticks are pictured in Moscow, Russia, on Feb. 20, 2021. (Xinhua/Shi Hao)