Connect with us

WORLD

AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဆက်လက်အသုံးပြုရန် WHO အကြံပြု

စပိန်နိုင်ငံ Cáceresပြည်နယ် Coriaမြို့ရှိ ဆေးရုံတစ်ခုတွင် AstraZeneca ကိုဗစ်ကာကွယ်ဆေးအား တွေ့ရစဉ်(ဆင်ဟွာ)

 

ဂျီနီဗာ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံများက ကြိုတင်ကာကွယ်သည့်အနေဖြင့် AstraZeneca ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှုကို ယာယီရပ်ဆိုင်းခဲ့သော်လည်း အဆိုပါကာကွယ်ဆေး၏ကပ်ရောဂါတိုက်ဖျက်ရေးထိရောက်မှုက ဖြစ်နိုင်သည့် အန္တရာယ်ထက်ပိုများခြင်းကြောင့် ကာကွယ်ဆေးဆက်လက်အသုံးပြုရန် အကြုံပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် သွေးကြောတွင် သွေးခဲခြင်း(Thromboembolic)အန္တရာယ်ဖြစ်နိုင်သည် ဟူသော စိုးရိမ်စိတ်ကြောင့် ဂျာမနီ၊ ပြင်သစ်၊ အီတလီစသည့် ဥရောပတိုက်နိုင်ငံများက AstraZenecaနှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့ အတူပူးတွဲသုတေသနထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှုကို ယာယီရပ်ဆိုင်းရန် ကြေညာခဲ့သည်။

စပိန်နိုင်ငံ Cáceresပြည်နယ် Coriaမြို့ရှိ ဆေးရုံတစ်ခုတွင် AstraZeneca ကိုဗစ်ကာကွယ်ဆေးအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းက အခြားရောဂါကြောင့် သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်မည်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လူအများအပြားကာကွယ်ဆေးထိုးနှံမှုကို ဆောင်ရွက်နေစဉ်အတွင်း ကိုယ်ခံအားစနစ်ဖြစ်စေရန်ကာကွယ်ဆေးထိုးနှံသည့်အခါ ဖြစ်လာနိုင်သည့် မူမမှန်သည့်လက္ခဏာဖြစ်ပေါ်တတ်သည်မှာ နိုင်ငံအသီးသီးတွင် ဖြစ်ကြောင်း၊ သို့သော်လည်း ယင်းဆက်စပ်သည့်ကိစ္စရပ်များသည် ကာကွယ်ဆေးထိုးနှံမှုနှင့်သက်ဆိုင်သည်ဟု တပ်အပ်မဆိုနိုင်ကြောင်း၊ ယင်းသို့ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို လေ့လာစမ်းစစ်ခြင်းသည် ကောင်းမွန်သည့်ဆောင်ရွက်မှုဖြစ်ကြောင်း ဆိုသည်။

ထိုဆောင်ရွက်မှုကလည်း ကြီးကြပ်စမ်းစစ်သည့်စနစ် ထိရောက်မှုရှိပြီး ထိရောက်သည့်ထိန်းချုပ်မှုနည်းလမ်းများက ထောင့်စေ့ကြောင်းကို ဖော်ပြကြောင်း ဆိုသည်။

လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဘေးကင်းရေး အကြံပေးအဖွဲ့ (GACVS)က AstraZenecaကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းမှုဆိုင်ရာ နောက်ဆုံးရ ကိန်းဂဏန်းများကို အကဲဖြတ်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ဥရောပတိုက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကမ္ဘာတစ်ဝှမ်းအခြား ကြီးကြပ်ကွပ်ကဲရေးဌာနများနှင့် ဆက်သွယ်ကာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိန်းဂဏန်းသစ်များရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ အကဲဖြတ်မှုများ ပြီးဆုံးပါက ရလဒ်ကို အများပြည်သူထံသို့ ချက်ချင်းအကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)
——————————————-
(Chinese Version)  
(国际疫情)世卫组织建议继续使用阿斯利康新冠疫苗
2021-03-18 04:08:31
  新华社日内瓦3月17日电(记者刘曲)世界卫生组织17日表示,虽然多国作为预防措施已暂时停用阿斯利康新冠疫苗,但鉴于该疫苗带来的抗疫效果大于潜在风险,因此仍建议继续接种。
 因担忧接种后可能出现的血栓风险,德国、法国、意大利等欧洲多国已宣布暂停使用阿斯利康制药公司与牛津大学联合研发的新冠疫苗。
  世卫组织17日在一份声明中说,接种新冠疫苗不会减少其他原因导致的疾病或死亡。在大规模接种活动中,针对免疫接种后可能出现潜在不良事件发出信号是各国惯例,但这并不一定意味着相关事件与疫苗接种有关,而对这些事件展开调查是一种良好做法。这也说明监测系统是有效的,而且有效的控制措施是到位的。
声明说,目前世卫组织全球疫苗安全咨询委员会仍在评估阿斯利康新冠疫苗的最新安全数据,同时与欧洲药品管理局和全球其他监管机构保持联系,以了解最新安全信息。一旦完成评估,世卫组织将立即向公众通报结果。(完)

(国际疫情)西班牙暂停使用阿斯利康疫苗
这是3月12日在西班牙卡塞雷斯省科里亚市医院内拍摄的阿斯利康疫苗。
西班牙卫生大臣卡洛琳娜•达里亚斯3月15日确认,西班牙已决定暂停使用阿斯利康疫苗。
新华社发(古斯塔沃•巴连特摄)