Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် အသက်သေဆုံးသူ ၁ သိန်းကျော်ရှိပြီဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆို

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ မြင်ကွင်းများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ မေ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် အသက်သေဆုံးရသူ အရေအတွက် ၁ သိန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မေ ၂၇ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

မေ ၂၉ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၁၇:၃၂ နာရီအထိ ရရှိသော ကိန်းဂဏန်းများအရ အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀,၀၄၇ ဦး ရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ မြင်ကွင်းများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ မြင်ကွင်းများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ မြင်ကွင်းများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ မြင်ကွင်းများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ မြင်ကွင်းများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါကိန်းဂဏန်းများအရ အမေရိကန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁,၆၉၅,၇၇၆ ဦး ရှိရာ ကပ်ရောဂါ အဆိုးဝါးဆုံးဖြစ်သည့် နယူးယောက်ပြည်နယ်တွင် စုစုပေါင်းအတည်ပြုလူနာ ၃၆၄,၉၆၅ ဦး ၊ သေဆုံးသူ ၂၉,၃၇၀ ဦး ရှိပြီး သေဆုံးသူ  စုစုပေါင်း ၅,၀၀၀ ကျော် ရှိသည့် ပြည်နယ်များမှာ နယူးဂျာစီပြည်နယ်၊ မက်ဆာချူးဆက်ပြည်နယ်၊မီချီဂန်ပြည်နယ်၊ ပင်ဆူဗေးနီးယားပြည်နယ်နှင့် အီလီနွိုက်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.