Connect with us

WORLD

တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ ဆူဒန် နိုင်ငံ သို့ ရောက်ရှိ

ဆူဒန် နိုင်ငံ သို့ သွားရောက် ခဲ့သည့် တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ခါတွမ် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ က မေလ ၂၈ ရက် ညနေပိုင်း အချိန်တွင် ဆူဒန် နိုင်ငံ မြို့တော် ခါတွမ် သို့ ရောက်ရှိခဲ့ပြီး ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မာရှင်းမင် ၊ ဆူဒန် နိုင်ငံ ပြည်ထဲရေးဝန်ကြီး Manis  ၊ ကျန်းမာရေး ဝန်ကြီး Akram နှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ က လာရောက်ကြိုဆိုခဲ့ကြသည်။

သံအမတ်ကြီး မာရှင်းမင် က ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ တရုတ် နိုင်ငံ နှင့် ဆူဒန် နိုင်ငံ တို့ က အပြန်အလှန် ထောက်ခံအားပေးခဲ့ပြီး အပြန်အလှန် ကူညီခဲ့ကြ သဖြင့် နှစ်နိုင်ငံ အေးအတူပူအမျှ အပြန်အလှန် ကူညီထောက်ပံ့သည့် သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆူဒန် နိုင်ငံ အစိုးရ ၏ ဖိတ်ခေါ်မှု အရ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့အား စေလွှတ်ပေး ခဲ့ခြင်း ဖြစ်ပြီး ဆူဒန် နိုင်ငံ ကပ်ရောဂါ ထိန်းချုပ် ကုသရေး စွမ်းအင် မြှင့်တင်ရန် ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆူဒန် နိုင်ငံ ပြည်ထဲရေးဝန်ကြီး Manis   က ဆူဒန် နိုင်ငံ အစိုးရ ကိုယ်စား တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုကြောင်း ၊ ဆူဒန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ၏ ထောက်ခံအားပေးမှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ ယခု အကြိမ် တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ ရောက်ရှိလာခြင်း က ဆူဒန် နိုင်ငံ ၏ စကားပုံ ဖြစ်သော အခက်အခဲရှိချိန် တွင် မေတ္တာစစ် အား တွေ့ရှိရသည် ဟူသော စကားအပေါ် ကို သက်သေပြခဲ့ကြောင်း ၊ ဆူဒန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ အား အောင်မြင်စွာ တိုက်ဖျက် နိုင် သည့် အတွေ့အကြုံအား လေ့လာသင်ယူပြီး ကပ်ရောဂါ အား အမြန်ဆုံး တိုက်ဖျက် နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျန်းမာရေး ဝန်ကြီး Akram က တရုတ် နိုင်ငံ သည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ကုသရေး တွင် အတွေ့အကြုံလွန်စွာ ပြည့်ဝ သဖြင့် ဆူဒန် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ နှင့် ဖလှယ်မှု တိုးချဲ့ ဆောင်ရွက်သွားပြီး တရုတ် နိုင်ငံ ၏ အတွေ့အကြုံများအား လေ့လာသင်ယူ အသုံးချ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆူဒန် နိုင်ငံ သို့ သွားရောက် ခဲ့သည့် တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ တွင် အဖွဲ့ဝင် ၂၀ ဦး ပါဝင် ပြီး ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်း တွင် တာဝန်ထမ်းဆောင် ခဲ့သူ များ ဖြစ်ကြကြောင်း ၊ ဆေးပညာရှင် အဖွဲ့ အနေဖြင့် ဆူဒန် နိုင်ငံ အရေးပေါ် ကျန်းမာရေး အခြေအနေ ကော်မတီ ၊ ကျန်းမာရေး ဝန်ကြီးဌာန ၊ ဆူဒန် နိုင်ငံ ရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၊ ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ စသည့် နိုင်ငံတကာ အဖွဲ့အစည်း များ နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ အား ဖလှယ်သွားမည် ဖြစ်ပြီး ဆူဒန် နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)