Connect with us

WORLD

အီရန်နိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူ ၁ သောင်း ၄ ထောင်ကျော်ရှိလာ၊ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ၂၅ သန်းရှိနိုင်ဟု အီရန် သမ္မတ ဆို

အီရန်နိုင်ငံ သမ္မတ ရိုဟာနီအား ဇူလိုင် ၁၈ ရက်က တီဟီရန်မြို့တွင် ကျင်းပသော ကပ်ရောဂါတိုက်ဖျက်ရေးအစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံတွင် ဇူလိုင် ၁၉ ရက် နေ့လည်ပိုင်းအထိ COVID-19ရောဂါ အသစ်ထပ်တိုးလူနာ၂,၁၈၂ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၂၇၃,၆၅၆ ဦး ၊ အသစ်ထပ်တိုး သေဆုံးသူ ၂၀၉ ဦး နှင့် စုစုပေါင်းသေဆုံးသူ ၁၄,၁၈၈ ဦး ၊  ရောဂါသက်သာပျောက်ကင်းသွားသူ စုစုပေါင်း ၂၃၇,၇၈၈ ဦး၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ ၃,၅၅၆ ဦး ရှိကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်များအရ လက်ရှိ အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅ သန်းရှိနိုင်ကြောင်း လာမည့်ကာလတွင် ကူးစက်မှုသည် သန်း ၃၀ မှ ၃၅ သန်းအထိ တိုးပွားနိုင်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဇူလိုင် ၁၈ ရက် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများသည် အစိုးရ တရားဝင်ထုတ်ပြန်မှုနှင့် ကိုက်ညီမှုမရှိခြင်းကိုမူ ရိုဟာနီက အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။

အီရန်နိုင်ငံ သမ္မတ ရိုဟာနီအား ဇူလိုင် ၁၈ ရက်က တီဟီရန်မြို့တွင် ကျင်းပသော ကပ်ရောဂါတိုက်ဖျက်ရေးအစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်ရန် အီရန်နိုင်ငံ ဒေသအသီးသီးရှိ အစိုးရများက လက်တွေ့အခြေအနေအရ ဗဟိုသို့ ရောဂါကာကွယ်ရေး ထိန်းချုပ်မှုနည်းလမ်းများကို တင်ပြထားကြကြောင်း သိရသည်။ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဇူလိုင် ၁၈ ရက်မှစ၍ ရက်သတ္တပတ်ကြာ ရောဂါကာကွယ်ထိန်းချုပ်ရေးများ နောက်ထပ်တစ်ဖန်ပြုလုပ် စတင်ခဲ့ရာ စားသောက်ဆိုင်များ ၊ကော်ဖီဆိုင်နှင့် အချို့ဖျော်ဖြေရေးနေရာများကို ရပ်နားပိတ်သိမ်းခဲ့သလို အစည်းအဝေးအခမ်းအနားများနှင့် အားကစားလှုပ်ရှားမှုအချို့ကို ခေတ္တရပ်နားခြင်းနှင့် ရုံးတက်အလုပ်လုပ်သည့် အစိုးရဝန်ထမ်း၏လူဦးရေကိုလည်း သုံးပုံတစ်ပုံလျှော့ချခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံတွင် လူဦးရေ ၈၄ သန်း ရှိပြီးကပ်ရောဂါဖြစ်ပွားသည့် ဖေဖော်ဝါရီလမှစ၍ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းကြပ်စွာဆောင်ရွက်ခဲ့ရာ အသစ်ထပ်တိုးအတည်ပြုလူနာအရေအတွက်မှာ သိသိသာသာလျော့ကျခဲ့သော်လည်း ဇွန်လမှစ၍ ကပ်ရောဂါအခြေအနေသည် ဆိုးဆိုးဝါးဝါး တဖန်ပြန်လည် ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.