WORLD
တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ ၂ သိန်းကျော် ရှိပြီဟု WHO ပြောကြား
![ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မတ် ၁၈ ရက်က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား တွေ့ရစဉ်(ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2020/03/images_world_2020_03_19d01.jpg)
ဂျီနီဗာ၊ မတ် ၁၉ ရက်(ဆင်ဟွာ)
တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂ သိန်းကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က မတ် ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံဒေသအသီသီးမှ ပေးပို့သည့် အစီရင်ခံချက်များအရ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂ သိန်းကျော်ရှိပြီဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၈,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ်(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က မတ် ၁၈ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။အတည်ပြုလူနာများအနက် ၈၀ ရာခိုင်နှုန်းမှာ အနောက်ပစိဖိတ်ဒေသနှင့် ဥရောပတိုက်ဒေသများမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)