Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ ဦးရှိလာ

ပြင်သစ်နိုင်ငံ ပါရီမြို့အား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ မတ် ၁၈ ရက်(ဆင်ဟွာ) 

ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ဦး ရှိလာရာ ပြီးခဲ့သောရက်ကထက် ၁,၀၉၇ ဦးထပ်တိုးလာကြောင်း  ပြင်သစ် ကျန်းမာရေးဌာန အကြီးအကဲ Jerome Salomonက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ပြင်သစ်တစ်နိုင်ငံလုံးတွင် COVID-19ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇၅ ဦးရှိရာ ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၂၇ ဦး ထပ်တိုးလာကြောင်း Salomonက ဆိုသည်။ ရောဂါကပ်ဘေး ဆိုးဝါးနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် ပြင်သစ် သမ္မတ  အီမန်နျူရယ် မက်ခရွန်က COVID-19ရောဂါတိုက်ပွဲအခြေအနေအဖြစ် မတ် ၁၆ ရက်တွင်  ကြေညာခဲ့သလို  မတ် ၁၇ ရက် နေ့လည်ပိုင်းမှစ၍ အနည်းဆုံး ၁၅ ရက်အတွင်း ပြည်သူများအတတ်နိုင်ဆုံး အပြင်မထွက်ကြရန် ကြေညာခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့အား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့အား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့အား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့အား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့အား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစိုးရက COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းကြောင့် ယခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ပြည်သူ့လိုငွေသည်  GDP၏ ၃.၉ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဟု ခန့်မှန်းရကြောင်း ပြင်သစ်နိုင်ငံ ပြည်သူရေးရာနှင့် စရင်းအင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး Darmaninက မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117