WORLD
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားသူ ၁၄ သန်းကျော်ရှိဟု WHO ဆို

ဂျနီဗာ ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းအထိ ၁၄ သန်းကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)၏ dashboard တွင် ဖော်ပြထားသည်။
WHO ၏ ဇူလိုင် ၁၉ ရက် ဂရင်းနစ်စံတော်ချိန် ၈ နာရီ ၃၅ မိနစ် အထိ ရရှိသော အချက်အလက်များအရ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၄,၀၀၇,၇၉၁ ဦး ရှိပြီး သေဆုံးသူ ၅၉၇,၁၀၅ ဦး ရှိကြောင်း သိရသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ရေကူးသင်တန်းနည်းပြတစ်ဦးက မျက်နှာအကာအကွယ် ဝတ်ဆင်၍ သင်ကြားပေးနေမှုအား ဇူလိုင် ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)
WHO ၏ နောက်ဆုံးရ နေ့စဉ်ကိန်းဂဏန်းများအရ ဇူလိုင် ၁၈ ရက်တွင် COVID-19 ရောဂါ ဖြစ်ပွားသူ အမြင့်ဆုံး အဖြစ် ၂၅၉,၈၄၈ ဦးထိ ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ တစ်ရက်အတွင်း အမြင့်ဆုံး အဖြစ် ဇူလိုင် ၁၈ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာ ၇၁,၄၈၄ ဦး ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၃,၅၄၄,၁၄၃ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ဘရာဇီး နှင့် အိန္ဒိယနိုင်ငံတို့သည် အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာ့ဒုတိယ နှင့် တတိယ အများဆုံး ကူးစက်မှု ခံစားနေရသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။ (Xinhua)