WORLD
အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဒသမ ၆၂ သန်းကျော် ရှိလာ
နယူးဒေလီ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံတွင် ဩဂုတ် ၃၁ ရက် နံနက် ၈ နာရီအချိန်အထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အသစ်ထပ်တိုး အတည်ပြုလူနာ ၇၈,၅၁၂ ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၃,၆၂၁,၂၄၅ ဦး အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ အိန္ဒိယဗဟို စာရင်းအင်းဗျူရို၏ ဩဂုတ် ၃၁ ရက်က ထုတ်ပြန်ချက်များအရ ကပ်ရောဂါကြောင့် ယခုနှစ် ဒုတိယရာသီတွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ၂၃.၉ ရာခိုင်နှုန်း ထိုးကျသွားကြောင်း သိရသည်။ (Xinhua)