Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၆ သန်းကျော်ရှိလာ၊ ရုရှားနိုင်ငံက ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်တော့မည်ဟု ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းများအား ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) 

အမေရိကန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၆ သန်းကျော်ရှိလာကြောင်းနှင့် ရုရှားနိုင်ငံတွင် ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်တော့မည်ဖြစ်ကြောင်း  ဩဂုတ် ၃၁ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းများအား ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဩဂုတ် ၃၁ ရက် ဗဟိုဥရောပစံတော်ချိန်(CET)  ၁၄ နာရီ ၁၄ မိနစ် အထိ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၆၄,၁၀၇ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၃၈၅ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၂၅,၁၁၈,၆၈၉ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၈၄၄,၃၁၂ ဦး အသီးသီး ရှိကြောင်း သိရသည်။  

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် စက်တင်ဘာ ၁ ရက် ၆ နာရီ ၂၈ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၅,၃၃၈,၅၇၁ ဦး၊  စုစုပေါင်း သေဆုံးသူ ၈၄၈,၂၀၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၆,၀၂၃,၃၆၈ ဦး နှင့် သေဆုံးသူ ၁၈၃,၄၈၈ ဦး ရှိကြောင်း သိရသည်။

(၂)သတင်းအချက်အလက် စုစည်းချက်များ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းများအား ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး “Sputnik V”ကို စက်တင်ဘာလမှစ၍ အမြောက်အမြား ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့်  နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်းမှစ၍ ကာကွယ်ဆေး အမြောက်အမြား ထိုးပေးသွားရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Murashko က ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်မတ်လမှ ဩဂုတ် ၃၁ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်၍ အသက်ဆုံးရှုံးသွားသာ ဆရာဝန် ၁၀၀ ဦး ရှိပြီဖြစ်ကြကြောင်း အင်ဒိုနီးရှား ဆရာဝန်များအသင်း၏ ဩဂုတ် ၃၁ ရက် ကြေညာချက်အရ သိရသည်။   

နယူးဇီလန်နိုင်ငံ၌ အစိုးရမှ ထုတ်ပြန်သည့်  မဖြစ်မနေ ပါးစပ်နှာခေါင်းစည်းတပ်ရန် အမိန့်သည် ဩဂုတ် ၃၁ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်သည်။ သတ်မှတ်ချက်အသစ်များအရ အသက် ၁၂ နှစ် အထက်ရှိသူများ အများသုံးဘတ်စ်ကားစီးယာတွင် ပါးစပ်နှာခေါင်းစည်း သို့မဟုတ် အခြား ပါးစပ်၊နှာခေါင်းအား ကာကွယ်နိုင်မည့် အရာ တပ်ဆင်ရမည်ဖြစ်ပြီး သတ်မှတ်ချက် ချိုးဖောက်သူအား အမြင့်ဆုံးငွေဒဏ် နယူးဇီလန် ဒေါ်လာ ၁,၀၀၀ (အမေရိကန် ဒေါ်လာ ၆၇၄ ခန့် )ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

အပြည့်အစုံမဟုတ်သော ကိန်းဂဏန်းများအရ ဩဂုတ် ၃၀ ရက်အထိ အရှေ့အလယ်ပိုင်းဒေသများတွင် ကိုဗစ်အတည်ပြုလူနာ ၂ သန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားမှု ပြင်းထန်သည့် ကမ္ဘာအခြားဒေသများနှင့်နှိုင်းယှဉ်ပါက မကြာခဏ စစ်ဖြစ်ပွားခြင်း၊အခြေအနေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်းဒေသအတွက်ဆိုလျှင် ယင်းကိန်းဂဏန်းသည် ကပ်ရောဂါ ကာကွယ်ရေးတွင် ထိရောက်မှုရှိလာသည်ဟု ဆိုနိုင်ကြောင်း၊ သို့သော်လည်း အချို့နိုင်ငံများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေးအကြား ဘေးကျပ်နံကျပ် ဖြစ်နေရပြီး ရောဂါကာကွယ်ရေး လက်ရှိအခြေအနေသည် မတင်မကျဖြစ်နေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117