Connect with us

WORLD

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု COVID-19 ကာကွယ်ဆေးထိုးနှံ

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် စကားပြောနေသည့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်း ခံယူမှု တိုက်ရိုက်ရုပ်သံကို ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းက ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

နေတန်ယာဟုနှင့် ကျန်းမာရေးဝန်ကြီး Yuli Edelstein တို့သည် တဲလ်အဗစ်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ခြင်း ဖြစ်သည်။နေတန်ယာဟုသည် အစ္စရေးနိုင်ငံတွင် ပထမဆုံးကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သူဖြစ်ပြီး နိုင်ငံအတွင်း အဓိကကာကွယ်ဆေးထိုးနှံခြင်း မစတင်မီ နာရီအနည်းငယ်အလို၌ ယင်းသို့ ကာကွယ်ဆေးထိုးနှံခဲ့ခြင်းလည်း ဖြစ်သည်။

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုကို ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဒီနေ့က အရေးကြီးတဲ့နေ့တစ်နေ့ပါ” ဟု နေတန်ယာဟု က Sheba ကျန်းမာရေးစင်တာတွင် သတင်းထောက်များအား ပြောခဲ့သည်။ “ဒီကာကွယ်ဆေးကို ကျွန်တော် ယုံကြည်ပါတယ်။ စံနမူနာအဖြစ်နဲ့ လူတွေ ကာကွယ်ဆေးထိုးနှံခြင်းကို အားပေးဖို့ ကျွန်တော် ယခုလိုပြုလုပ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ  Sheba ကျန်းမာရေးစင်တာတွင် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် စကားပြောနေသည့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးပုလင်းကို ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ကို တွေ့ရစဉ် (ဆင်ဟွာ) 

အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ Sheba ကျန်းမာရေးစင်တာတွင် COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) 

ဒီဇင်ဘာ ၂၀ ရက်တွင် စတင်မည့် ပထမအသုတ်ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါကူးစက်နိုင်ခြေများသူများပါဝင်မည်ဖြစ်သည်။အစ္စရေးနိုင်ငံတွင် မကြာသေးမီရက်သတ္တပတ်များက ဗိုင်းရပ်စ်ကူးစက်မှု အနည်းငယ် မြင့်တက်လာသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးနှံခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.