WORLD
ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူ သန်း ၁၀၀ ကျော်ပြီ
နယူးယောက် ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၁၀၀ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။
အမေရိကန်ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၂ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၁၉၂၂ နာရီ) အထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၀,၀၃၂,၄၆၁ ဦးရှိခဲ့ပြီး သေဆုံးသူပေါင်း ၂,၁၄၉,၈၁၈ ဦး ရှိကြောင်း CSSE ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
အမေရိကန်နိုင်ငံသည် ရောဂါကူးစက်မှု နှင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူပေါင်း ၂၅,၃၆၂,၇၉၄ ဦး နှင့် သေဆုံးသူပေါင်း ၄၂၃,၀၁၀ ဦး အသီးသီးရှိနေသည်။
အိန္ဒိယနိုင်ငံက ကူးစက်ခံရသူပေါင်း ၁၀,၆၇၆,၈၃၈ ဦးဖြင့် ကမ္ဘာ့အဆင့်တွင် ဒုတိယနေရာ၌ ရှိနေပြီး ယင်းနောက်တွင် ဘရာဇီးနိုင်ငံက ကူးစက်ခံရသူပေါင်း ၈,၈၇၁,၃၉၃ ဦး နှင့် ကမ္ဘာ့သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် သေဆုံးသူပေါင်း ၂၁၇,၆၆၄ ဦး ရှိခဲ့သည်။
ထို့ပြင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂ သန်းအထက် ရှိသော နိုင်ငံများမှာ ရုရှား ၊ ဗြိတိန် ၊ ပြင်သစ် ၊ စပိန် ၊ အီတလီ ၊ တူရကီ ၊ ဂျာမနီ နှင့် ကိုလံဘီယာနိုင်ငံတို့က အသီးသီး တည်ရှိနေပြီး သေဆုံးသူပေါင်း ၅၀,၀၀၀ အထက်ရှိသောနိုင်ငံများစာရင်းတွင် အိန္ဒိယ ၊ မက္ကဆီကို ၊ ဗြိတိန် ၊ အီတလီ ၊ ပြင်သစ် ၊ ရုရှား ၊ အီရန် ၊ စပိန် ၊ ဂျာမနီ နှင့် ကိုလံဘီယာနိုင်ငံတို့ ပါဝင်ကြကြောင်း CSSE ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်ခံရသူပေါင်း သန်း၅၀ ရောက်ရှိခဲ့ပြီး အချိန်ကာလ နှစ်လခွဲအတွင်း ကူးစက်ခံရသူ နှစ်ဆ မြင့်တက်ကာ ယခုကဲ့သို့ သန်း ၁၀၀ ကျော်ထိ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသည် ကူးစက်မှုအဆိုးရွားဆုံးခံစားရသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး တစ်ကမ္ဘာလုံးကူးစက်မှု၏ လေးပုံတစ်ပုံ ကျော် နှင့် တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်း နီးပါး ရှိနေကြောင်း သိရသည်။ (Xinhua)
——————————-
(English Version)
Global COVID-19 cases surpass 100 mln — Johns Hopkins University
NEW YORK, Jan. 26 (Xinhua) — Global COVID-19 cases surpassed 100 million on Tuesday, according to the Center for Systems Science and Engineering (CSSE) at Johns Hopkins University.
The global case count reached 100,032,461, with a total of 2,149,818 deaths worldwide, as of 2:22 p.m. local time (1922 GMT), the CSSE data showed.
The United States reported the most cases and deaths around the world, which stood at 25,362,794 and 423,010, respectively. India recorded 10,676,838 cases, ranking second in the world. Brazil followed with 8,871,393 cases and the world’s second largest death toll of 217,664.
Countries with more than 2 million cases also include Russia, Britain, France, Spain, Italy, Turkey, Germany and Colombia, while other countries with over 50,000 deaths include India, Mexico, Britain, Italy, France, Russia, Iran, Spain, Germany and Colombia, according to the CSSE tally.
The global caseload hit 50 million on Nov. 8, 2020, and the number of cases doubled in just about two and a half months.
The United States remains the worst-hit nation, making up more than a quarter of the global cases and nearly 20 percent of the global deaths. Enditem