Connect with us

WORLD

တရုတ်နိုင်ငံမှ ထောက်ပံ့သော COVID-19 ကာကွယ်ဆေးများ ဘီလာရုဒ်စ်နိုင်ငံသို့ရောက်ရှိ

တရုတ်နိုင်ငံမှ ပေးပို့သော COVID-19 ကာကွယ်ဆေးများ ဘီလာရုဒ်စ်နိုင်ငံ မင့်ခ်မြို့သို့ ဖေဖော်ဝါရီ ၁၉ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

မင့်ခ်၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ထောက်ပံ့ပေးပို့သော COVID-19 ကာကွယ်ဆေးများ ဘီလာရုဒ်စ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်နိုင်ငံမှ ပေးအပ်သည့် တန်ဖိုးရှိသော ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဘီလာရုဒ်စ်နိုင်ငံ မင့်ခ်မြို့ရှိ လေဆိပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘီလာရုဒ်စ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Dmity Pinevich က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာသေးခင်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံက ကာကွယ်ဆေးများ ထောက်ပံ့ပေးအပ်ရန် အရေးကြီးသော သဘောတူညီချက်ရရှိခဲ့ကြောင်း နှင့် ယင်းမှာ ဘီလာရုဒ်စ် နှင့် တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် ခက်ခဲသောအချိန်ကာလမှာပင် ရပ်တည်နိုင်ကြောင်းကို နောက်ထပ်တစ်ကြိမ် သက်သေပြသလိုက်ခြင်းဖြစ်ကြောင်း Pinevich ကဆိုသည်။

တရုတ်နိုင်ငံမှ ပေးပို့သော COVID-19 ကာကွယ်ဆေးများ ဘီလာရုဒ်စ်နိုင်ငံ မင့်ခ်မြို့သို့ ဖေဖော်ဝါရီ ၁၉ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဘီလာရုဒ်စ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Dmitry Pinevich (ယာ) နှင့် ဘီလာရုဒ်စ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xie Xiaoyong (ဝဲ) တို့ ဖေဖော်ဝါရီ ၁၉ ရက်က  COVID-19  ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ကာကွယ်ဆေးများကို ဘီလာရုဒ်စ်နိုင်ငံ မင့်ခ်မြို့၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဘီလာရုဒ်စ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xie Xiaoyong က တရုတ်နိုင်ငံ၏ ကာကွယ်ဆေးများ ထောက်ပံ့ပေးပိုမှုသည် တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများ မှ ဘီလာရုဒ်စ်နိုင်ငံအစိုးရ နှင့် ပြည်သူများထံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းပြသခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ နှင့် ပြည်ပနိုင်ငံများ၌ COVID-19 ကာကွယ်ဆေး လိုအပ်ချက်ကြီးမားစွာ ကြုံတွေ့နေရချိန်တွင် တရုတ်နိုင်ငံ၏ ကာကွယ်ဆေး ထောက်ပံ့မှုသည် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် တရုတ်-ဘီလာရုဒ်စ် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထင်သာမြင်သာရှိမှုတစ်ခုဖြစ်ကြောင်း နှစ်နိုင်ငံအစိုးရ ခေါင်းဆောင်များအကြား အရေးကြီးသော သဘောတူညီချက်များကို အခိုင်အမာ အကောင်အထည်ဖော်ဆောင်ရွက်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။ (Xinhua) …………………………………………
(English Version)
China delivers COVID-19 vaccine aid to Belarus

MINSK, Feb. 20 (Xinhua) — The COVID-19 vaccine aid provided to Belarus by the Chinese government has arrived in Belarus.
At a handover ceremony of the vaccines at the airport here on Friday, Belarusian Health Minister Dmitry Pinevich expressed gratitude to the Chinese government for providing such valuable vaccines.
China has provided the vaccines in support of the important consensus reached during a recent telephone conversation between the heads of state of the two countries, and the gesture proves once again that the comprehensive strategic partnership between Belarus and China can stand the test of hardships, Pinevich said.
Chinese Ambassador to Belarus Xie Xiaoyong said that China is offering this assistance to express the friendly feelings of the government and people of China towards the government and people of Belarus.
The diplomat stressed that in the face of huge demand for COVID-19 vaccines in China and abroad, China’s assistance in providing Belarus with the vaccines is a tangible embodiment of the high level of Chinese-Belarusian relations and a concrete step towards the implementation of important agreements between the heads of the two states.

(1,2) Staff members unload containers of COVID-19 vaccines from China in Minsk, Belarus, Feb. 19, 2021. (Photo by Henadz Zhinkov/Xinhua)
(3) Belarusian Health Minister Dmitry Pinevich (R) and Chinese Ambassador to Belarus Xie Xiaoyong sign the handover certificates of COVID-19 vaccines in Minsk, Belarus, Feb. 19, 2021. (Photo by Henadz Zhinkov/Xinhua)
(4) Photo taken on Feb. 19, 2021 shows a container of COVID-19 vaccines from China in Minsk, Belarus. (Photo by Henadz Zhinkov/Xinhua) ■