Connect with us

WORLD

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူနေအဆောက်အအုံ (၁,၃၀၀)ကျော် ပိတ်ထားရ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် တန်းစီစောင့်ဆိုင်းနေသူများကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူနေအဆောက်အအုံ (၁,၃၀၀)ကျော် ပိတ်ထားရပြီး လူပေါင်း(၇)သောင်းကျော် အိမ်တွင် သီးခြားနေရန် ညွှန်ကြားထားကြောင်း မွမ်ဘိုင်းမြို့အစိုးရ၏ အချက်အလက်များအရ သိရသည်။

လူနေအဆောက်အအုံ တစ်ခုတွင် ကိုဗစ်အတည်ပြုလူနာ (၅)ဦးနှင့်အထက်ရှိသည်ကို တွေ့ရှိရပါက ယင်းအဆောက်အအုံတစ်ခုလုံးကို ပိတ်ထား၍ တိုက်တွင်းနေထိုင်သူအားလုံးကို အိမ်တွင် သီးခြားခွဲနေရန် ညွှန်ကြားသော ပိုမိုတင်းကြပ်သည့် ကပ်ရောဂါထိန်းချုပ်ရေး သတ်မှတ်ချက်များကို မွမ်ဘိုင်းမြို့အစိုးရက ယခုရက်ပိုင်းများတွင် ထုတ်ပြန်ခဲ့သည်။ ထိုမတိုင်မီ သတ်မှတ်ချက်များအရ အဆောက်အအုံတစ်ခုတွင် ကိုဗစ်အတည်ပြုလူနာ(၁၀)ဦးနှင့်အထက်ရှိမှသာ တိုက်တစ်ခုလုံး ပိတ်ထားရန် လိုအပ်ကြောင်း သိရသည်။

မွမ်ဘိုင်းတွင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများ တင်းကြပ်ရခြင်းမှာ ယခုကာလများတွင် ယင်းမြို့၌ ကိုဗစ်အတည်ပြုလူနာ တစ်ဟုန်တိုး တိုးတက်လာခြင်းနှင့်သက်ဆိုင်ကြောင်း သိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မွမ်ဘိုင်း၏ တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ (၄၀၀)ခန့်ရှိပြီး ယခုရက်ပိုင်းများတွင် (၈၀၀)မှ (၉၀၀)အထိ တိုးလာခြင်းဖြစ်သည်။ ကျွမ်းကျင်သူများက ယခုကာလ မွမ်ဘိုင်း၌ ထပ်တိုးလူနာ တစ်ဟုန်တိုးမြင့်တက်လာရခြင်းသည် မြို့ဆင်ခြေပုံ ရထားပြေးဆွဲမှုကို ဖေဖော်ဝါရီ လဆန်းတွင် ပြန်လည်စတင်လည်ပတ်ခဲ့ပြီး မြို့နေပြည်သူများ ကပ်ရောဂါကာကွယ်တားဆီးရေးသတ်မှတ်ချက်များကို တိကျသေချာစွာ လိုက်နာမှုမရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သတင်းများအရ မွမ်ဘိုင်းမြို့နေပြည်သူ (၆၀)ရာခိုင်နှုန်းနီးပါးသည် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ကြကြောင်း သိရသည်။

အကယ်၍ ရောဂါပြန့်ပွားမှုအခြေအနေ သိသာစွာ မြင့်တက်လာပြီး လူထုက ရောဂါကာကွယ်ရေးစည်းကမ်းများကို တိကျသေချာစွာ လိုက်နာခြင်း မရှိပါက မွမ်ဘိုင်းကို နောက်ထပ်တစ်ကြိမ်လော့ခ်ဒေါင်းလုပ်ကောင်း လုပ်ရလိမ့်မည်ဟု မွမ်ဘိုင်းမြို့တော်ဝန် Pednekarက ထိုမတိုင်မီရက်များတွင် သတိပေးပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းအထိ (၂၄)နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ (၁၃,၉၉၃)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၁၀,၉၇၇,၃၈၇)ဦး၊ အသစ်ထပ်တိုး သေဆုံးသူ (၁၀၁)ဦးနှင့် စုစုပေါင်းသေဆုံးသူ (၁၅၆,၂၁၂)ဦး ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်အထိ မွမ်ဘိုင်းမြို့တွင် (၂၄)နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ (၈၂၃)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၃၁၇,၃၁၀)ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————-
(Chinese Version)
印度孟买1300多栋居民楼因新冠疫情被封闭
2021-02-21 09:19:06
  新华社孟买2月21日电(记者张亚东)印度金融中心孟买市政府官方数据显示,截至20日,孟买1300多栋居民楼因新冠疫情被封闭,逾7万人被要求居家隔离。
  孟买市政府近日发布了更为严格的疫情防控规定,一栋居民楼里如果发现5例及以上新冠确诊病例,整栋居民楼将被封闭,楼内所有居民将被要求居家隔离。而根据此前规定,一栋居民楼内出现10例及以上确诊病例时才需要封闭整栋居民楼。
1月16日,在印度孟买,人们排队等待接种新冠疫苗。(新华社发)
 孟买收紧疫情防控措施与该市近期新增确诊病例大幅上升有关。2月初,孟买单日新增确诊病例约400例,近几天这一数字升至800例至900例。 专家认为,孟买近期新增病例数大幅上升与市郊铁路2月初重新运营、居民不严格遵守防疫规定有关。据报道,孟买近60%的居民出行已不戴口罩。孟买市长佩德内卡尔日前警告说,如果疫情明显上升且居民不严格遵守防疫规定,不排除对孟买再次实施封锁措施的可能。
 数据显示,截至20日上午,印度24小时内新增新冠确诊病例13993例,累计确诊10977387例;新增死亡病例101例,累计死亡156212例。截至19日,孟买24小时内新增确诊病例823例,累计确诊317310例。