Connect with us

WORLD

ဗီယက်နမ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် စတင်ပြုလုပ်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေး ပိုစတာရှေ့တွင် လမ်းလျှောက်နေသူတစ်ဦးအား တွေ့ရစဉ်(VNA/Handout via Xinhua)

ဟနွိုင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ် တစ်ခုကို ယနေ့ မတ် ၈ ရက်တွင် စတင်ခဲ့ပြီး မှတ်တမ်းအရ နိုင်ငံ၏ အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ် ဖြစ်ကြောင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးအခုရေ သန်း ၁၀၀ သန်းအား ထိုးနှံသွားရန် မျှော်မှန်းထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ ထုတ်ပြန်မှုအရ သိရသည်။

ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်း ၊ နိုင်ငံတောင်ပိုင်းရှိ ဟိုချီမင်းမြို့ နှင့် နိုင်ငံမြောက်ပိုင်းရှိ COVID-19 ကပ်ရောဂါ ကူးစက်မှု များပြားသည့် Hai Duong ပြည်နယ်တို့တွင် COVID-19 လူနာများအား အနီးကပ်ထိတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး AstraZeneca ၏ ကာကွယ်ဆေးအား ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းသည် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော ၊ ထိရောက်သော ၊ တတ်ကြွသော နှင့် မရှိမဖြစ် အစီအမံ ဖြစ်ကြောင်း နှင့် လူနေမှုဘဝများ ပုံမှန်သို့ ပြန်လည်ရောက်ရှိစေရန် အစိုးရအတွက် အဓိက ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

လာမည့်ရက်များတွင် ကာကွယ်ဆေးထိုးနှံခြင်းအား COVID-19 ကူးစက်မှုလှိုင်းနောက်ဆုံး ခံစားခဲ့ရသည့် တစ်ခြား ပြည်နယ်များ နှင့် မြို့များတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းတွင် လုပ်ကိုင်နေကြသည့် ဒေသတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ ၊ Quarantine အဆောက်အဦများမှ ဝန်ထမ်းများ နှင့် ထိတွေ့နီးကပ်မှုအား ခြေရာကောက်ခြင်း(contact-tracing) အဖွဲ့များ ၊ ရဲများ နှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား ထိုးနှံသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံသည် ဗြိတိန် AstraZeneca ကုမ္ပဏီထံမှ ပထမသုတ် အနေဖြင့် COVID-19 ကာကွယ်ဆေး ၁၁၇,၆၀၀ ခု အား ဖေဖော်ဝါရီ ၂၄ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ မတ် ၈ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၅၁၂ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)
———————————————-
(English Version)
Vietnam kicks off COVID-19 vaccination campaign

HANOI, March 8 (Xinhua) — Vietnam’s Ministry of Health on Monday started a COVID-19 vaccine inoculation campaign, the country’s largest vaccination campaign in history, with over 100 million injections expected to be conducted nationwide, Vietnam News Agency reported Monday.
The first doses of AstraZeneca’s vaccine began to be given at 8:00 a.m. local time Monday to health workers directly treating COVID-19 patients in the Vietnamese capital Hanoi, the southern Ho Chi Minh City and the northern COVID-19 epicenter Hai Duong province.
The Ministry of Health said that vaccination is an important, effective, proactive and indispensable measure in the process of COVID-19 pandemic prevention, and a top priority for the government to help bring lives back to normal.
In the coming days, vaccination will start in other cities and provinces that have been hit by the latest wave of COVID-19 infections, targeting people working on the frontline against the epidemic such as health workers, personnel at quarantine facilities as well as contact-tracing teams, police and national defense forces in the localities.
Vietnam received the first batch of 117,600 doses of COVID-19 vaccine from the British company AstraZeneca on Feb. 24.
As of Monday morning, the country has recorded 2,512 cases of COVID-19 infection, according to its Ministry of Health. Enditem

Photo – A man walks past a COVID-19 fight poster in the capital city of Hanoi, Vietnam, April 1, 2020. (VNA/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.