Connect with us

WORLD

စင်ကာပူ နိုင်ငံ၌ COVID-19 ရောဂါဖြင့် လူနာတစ်ဦး ထပ်မံသေဆုံး

စင်ကာပူနိုင်ငံရှိ ဈေးဝယ်စင်တာ တစ်ခုတွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

စင်ကာပူ နိုင်ငံ၌ COVID-19 ရောဂါကြောင့် ယနေ့ မတ် ၂၉ ရက်တွင် သေဆုံးသူ တစ်ဦးရှိကြောင်း စင်ကာပူနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် နှင့် ဆက်စပ်၍ သေဆုံးသူ စုစုပေါင်း သုံးဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခု သုံးဦးမြောက် သေဆုံးသွားသူသည် အသက် ၇၀ အရွယ် စင်ကာပူ နိုင်ငံသား အမျိုးသား တစ်ဦး ဖြစ်ပြီး ၎င်းသည် လတ်တလောကာလတွင်း ရောဂါ ကူးစက်မှု ဖြစ်ပွားသော နိုင်ငံနှင့်ဒေသများသို့ ခရီးသွားရောက်ခဲ့ခြင်း မရှိဘဲ သွေးတိုးရောဂါ နှင့် hyperlipidaemia ရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရသည်။ 

ယင်းလူနာသည် ဖေဖော်ဝါရီ ၂၉ ရက်တွင် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံသို့ တက်ရောက်ခဲ့ပြီး မတ် ၂ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် ရောဂါဝေဒနာပြင်းထန်စွာ ခံစားခဲ့ရပြီး ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်(ICU)၌ ၂၇ ရက်အကြာ ဆေးကုသမှု ခံယူပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ၌ မတ် ၂၁ ရက်တွင် COVID-19 ရောဂါဖြင့် လူ နှစ်ဦး ပထမဆုံး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့သည် စင်ကာပူ နိုင်ငံသား တစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

နှစ်ဦးစလုံးမှာ အသက်အရွယ် ကြီးရင့်နေကြသူများ ဖြစ်ပြီး  စင်ကာပူ နိုင်ငံသူ အမျိုးသမီးကြီးမှာ အသက် ၇၅ နှစ်အရွယ်ရှိကြောင်း ၎င်းသည် နှလုံးရောဂါ နှင့် သွေးတိုးရောဂါ အခံရှိသူ ဖြစ်ကြောင်း သိရသည်။

အသက် ၆၄ နှစ် အရွယ်ရှိ အင်ဒိုနီးရှား နိုင်ငံသား အမျိုးသား တစ်ဦးမှာ မတ် ၁၃ ရက်တွင် အင်ဒိုနီးရှား နိုင်ငံမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နောက်တစ်ရက်တွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ဟု အတည်ပြုခြင်း ခံခဲ့ရသူဖြစ်သည်။

စင်ကာပူနိုင်ငံ၌ ဇန်နဝါရီ ၁၃ ရက်တွင် COVID-19 ရောဂါ ဖြစ်ပွားမှု ပထမဆုံး ကြေညာခဲ့ကြောင်း ၊ မတ် ၂၈ ရက် နေ့လည်ပိုင်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူ လူနာသစ် ၇၀ ဦး ရှိခဲ့ကြောင်း ၊  နိုင်ငံအတွင်း၌ အတည်ပြု လူနာ စုစုပေါင်း ၈၀၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.