WORLD
အီကွေဒေါနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တတိယမြောက်ကျန်းမာရေးဝန်ကြီး နှုတ်ထွက်
ကွီတို၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အီကွေဒေါနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနေစဉ်ကာလအတွင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Rodolfo Farfan သည် ဝန်ကြီးတာဝန်ကို ၁၉ ရက်ကြာထမ်းဆောင်ပြီးနောက် မတ်လ ၁၉ ရက်တွင် ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း အီကွေဒေါနိုင်ငံ သမ္မတရုံးမှ အတည်ပြုပြောကြားသည်။
Farfan သည် လက်ရှိအစိုးရလက်ထက်တွင် စတုတ္ထမြောက်ကျန်းမာရေးဝန်ကြီးဖြစ်ပြီး ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တတိယမြောက်နှုတ်ထွက်သည့် ကျန်းမာရေးဝန်ကြီးဖြစ်လာကြောင်း၊ ၎င်းသည် သမ္မတ Lenin Moreno ထံသို့ ပေးပို့သော နှုတ်ထွက်စာတွင် ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် နှုတ်ထွက်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် မူမမှန်မှုများ၊ မဖြစ်သင့်သောမှားယွင်းမှုများကြောင့် စွပ်စွဲမေးခွန်းထုတ်ခံရမှုများဖြစ်ပေါ်နေစဥ်အတွင်း ရာထူးမှနှုတ်ထွက်ခဲ့သည့် ယခင်ကျန်းမာရေးဝန်ကြီးဟောင်း Juan Carlos Zevallos နေရာတွင် Farfan အား မတ် ၁ ရက်တွင် တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
စီမံကိန်း၏ မူမမှန်မှုများနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်း၌ တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ ကာကွယ်ဆေးထိုးနှံထားသည့် နီးစပ်ရာအသိုင်းအဝိုင်းမှ လူစာရင်းဆိုင်ရာ အရှုပ်တော်ပုံများကြောင့် လူမှုရေးမငြိမ်သက်မှုများ ဖြစ်ပေါ်လာချိန်တွင် ရာထူးမှနှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီ ၂၉ ရက်တွင် စတင်ခဲ့သော ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်ဆိုင်ရာ စစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရှေ့နေချုပ်ရုံးသည် ကွီတိုရှိ ကျန်းမာရေးဝန်ကြီးဌာန၏ အဆောက်အဦများကို မတ် ၁၇ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့သည်။
ဝန်ကြီးဟောင်း Zevallos သည် အစိုးရနှင့်နီးစပ်သည့် မိသားစုဝင်များနှင့် လူပုဂ္ဂိုလ်များ အကျိုးအတွက် COVID-19 ကာကွယ်ဆေး ဖြန့်ချိမှုအပေါ် လွှမ်းမိုးမှုပြုခဲ့သည့် ပြစ်မှုအတွက် စွဲချက်တင်ခံထားရကြောင်း သိရသည်။
ဝန်ကြီးဟောင်း Zevallos သည် တစ်နှစ်နီးပါးခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။
အီကွေဒေါနိုင်ငံသည် ကာကွယ်ဆေးထိုးစီမံကိန်းအား ဖြည်းဖြည်းချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မတ် ၁၈ ရက် အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၃၀၇,၄၂၉ ဦးရှိကာ သေဆုံးသူ ၁၁,၅၂၈ ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Third health minister of Ecuador resigns during COVID-19 pandemic
QUITO, March 19 (Xinhua) — Ecuador’s Public Health Minister Rodolfo Farfan resigned on Friday from the post that he held for only 19 days, amid the country’s vaccination process against COVID-19, the president’s office confirmed.
Farfan, who was the fourth health minister under the current administration and the third to resign during the pandemic, said he was leaving for personal reasons in his resignation letter to President Lenin Moreno.
Appointed to the position on March 1, Farfan replaced Juan Carlos Zevallos, who also resigned amid the questioning of alleged irregularities and blunders in the country’s vaccination plan.
His resignation comes at a time of social unrest due to the plan’s irregularities and the scandal over a list of well-connected people vaccinated who were not on the frontline of the fight against the pandemic.
As part of an investigation opened on Jan. 29 into the vaccination process, the Attorney General’s Office raided the Health Ministry’s facilities in Quito on Wednesday.
Zevallos faces charges for the alleged crime of influence peddling in the distribution of COVID-19 vaccines to benefit family members and people close to the government.
The former minister was in office for almost a year, but resigned on Feb. 26.
Ecuador, which is slowly advancing its vaccination plan, reported 307,429 COVID-19 cases and 11,528 deaths as of Thursday. Enditem
Photo– A woman wearing a mask walks near a hospital in Quito, Ecuador, March 5, 2020.