Connect with us

WORLD

ဘယ်လ်ဂျီယံတွင် ရောဂါဖြစ်ပွားမှုမြင့်တက်နေသဖြင့် COVID-19 ကန့်သတ်မှုများ ဖြည်းဖြည်းချင်းလျှော့ချသွားမည့် အစီအစဉ် ဆိုင်းငံ့

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Saint-Hubert Royal Gallerie shopping လမ်းတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများ လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအရေအတွက် ဆက်လက်မြင့်တက်လာသဖြင့် ရောဂါနှင့်ဆက်စပ်သော ကန့်သတ်ချက်များ ဖြေလျှော့ရေးအစီအစဉ်ကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Alexander De Croo က မတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။

“ဥပမာအနေနဲ့ ပန်းခြံတွေ၊ ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှု ပြန်ဖွင့်တာမျိုး စသဖြင့် ဧပြီလမှာ လုပ်ဖို့ စီစဉ်ထားတဲ့ ဖြေလျှော့ရေးဆောင်ရွက်ချက်တွေကို အခုတော့ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု De Croo က ပြောခဲ့သည်။

အပန်းဖြေပန်းခြံများအနေဖြင့် ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်သေးကြောင်းနှင့် လူ ၁၀ ဦးဖြင့် ပါဝင်လေ့ကျင့်သော အပျော်တမ်းအားကစားပွဲများကိုလည်း ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း Brussels Times သတင်းစာက ဖော်ပြထားသည်။

ထို့ပြင် အလယ်တန်းကျောင်းများ၏ ဒုတိယတန်းများကို အချိန်ပြည့်ပြန်လည်တက်ရောက်ခြင်းကိုလည်း မတ် ၂၉ ရက်မှ အီစတာပွဲတော်အားလပ်ရက်နောက်ပိုင်းအထိ ရွှေ့ဆိုင်းထားကြောင်း သတင်းစာက ဆိုသည်။

ထို့ပြင် ညမထွက်ရအမိန့်များမှာလည်း Flanders နှင့် Wallonia ဒေသများတွင် သန်းခေါင်ယံမှ နံနက် ၅:၀၀ နာရီအထိလည်းကောင်း၊ ဘရပ်ဆဲလ်မြို့တော်ဒေသတွင် ည ၁၀:၀၀ နာရီမှ နံနက် ၆:၀၀ နာရီအထိလည်းကောင်း ဆက်လက်သတ်မှတ်ထားကြောင်း သတင်းစာအရ သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ COVID-19 ရောဂါဖြစ်ပွားသူ ၈၂၂,၈၀၁ ဦးရှိပြီး သေဆုံးသူ ၂၂,၆၂၄ ဦးရှိကြောင်း သိရသည်။

ကမ္ဘာကြီးသည် ကပ်ရောဂါထိန်းသိမ်းရန် ရုန်းကန်နေရသည့်အားလျော်စွာ ခွင့်ပြုချက်ရရှိထားသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများဖြင့် ဘယ်လ်ဂျီယံ အပါအဝင် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေသည့် နိုင်ငံအရေအတွက်လည်း တိုးပွားလာကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး ၂၆၄ ခုကို ဖော်ထုတ်နေဆဲဖြစ်ကြောင်း၊ ယင်းအနက် ၈၂ ခုမှာ ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် အပါအဝင် နိုင်ငံများ၌ လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
————————————
(English Version)
Belgium suspends COVID-19 phase-out plan amid spike in cases
Source: Xinhua| 2021-03-20 06:45:21|Editor: huaxia
BRUSSELS, March 19 (Xinhua) — Belgium will pause its plan to relax coronavirus-related restrictive measures as the number of infections continues to rise, Prime Minister Alexander De Croo said on Friday.
“The relaxation measures that were planned for April such as the reopening of parks, cultural activities for example, cannot be done now,” said De Croo.
Amusement parks will not be able to re-open their doors yet, and the practicing of amateur sports with 10 people will not be allowed to take place yet, the English newspaper Brussels Times said.
The full-time return of the second grades of secondary schools has been postponed until after the Easter holidays, rather than from March 29, it said.
Curfews remain the same, between midnight and 5:00 a.m. in Flanders and Wallonia, and from 10:00 p.m. to 6:00 a.m. in the Brussels-Capital Region, the newspaper said.
To date, Belgium has recorded a total of 822,801 COVID-19 cases and 22,624 deaths since the start of the pandemic.
As the world is struggling to contain the pandemic, vaccination is underway in an increasing number of countries, including Belgium, with the already-authorized coronavirus vaccines.
Meanwhile, 264 candidate vaccines are still being developed worldwide — 82 of them in clinical trials — in countries including Germany, China, Russia, Britain, and the United States, according to the latest information released by the World Health Organization. Enditem
People wearing face masks walk on the Saint-Hubert Royal Gallerie shopping street in Brussels, Belgium, Sept. 19, 2020. The number of confirmed cases of COVID-19 in Belgium rose to 100,748, according to the latest figures from the health institute Sciensano on Sunday. (Xinhua/Zhang Cheng)