WORLD
ဘော့ဆွာနာနိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ပြည်သူ့အရေးပေါ်အခြေအနေသက်တမ်းတိုး
ဂါဘရွန်နေ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ဘော့ဆွာနာနိုင်ငံ၏ လွှတ်တော်သည် COVID-19 ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ဟန့်တားရေးအတွက် နိုင်ငံ၏ ပြည်သူ့အရေးပေါ်အခြေအနေအား ၆လ ထပ်မံသက်တမ်းတိုးရန် မတ် ၃၁ ရက်တွင် အတည်ပြုခဲ့သည်။
ဘော့ဆွာနာနိုင်ငံ သမ္မတ Mokgweetsi Masisi သည် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဒုတိယအကြိမ် ပြည်သူ့အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းအား ဆုံးဖြတ်ချက်ချနိုင်ရန် လွှတ်တော်သို့တက်ရောက်ခဲ့သည်။
ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တိုင်းပြည်သည်ကြီးမားသည့်စိန်ခေါ်မှုများအားဆက်တိုက်ကြုံတွေ့နေရ ကြောင်း၊ ယင်းအခက်အခဲများအားကျော်လွှားနိုင်ရန် တစ်နိုင်ငံလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတ Masisi က လွှတ်တော်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။
“တစ်နိုင်ငံလုံးအနှံ့ အထူးသဖြင့် ဂါဘရွန်နေ၊ ပါလာဖီ နဲ့ ဖရန်စစ်စ်တောင်း တို့မှာ ရောဂါကူးစက်မှု လျင်မြန်စွာတိုးမြင့်လာခြင်းဟာ ကျွန်တော်တို့ရဲ့ လူသားနဲ့ ငွေကြေးအရင်းအမြစ်များအား မျှော်မှန်းထားသည့် အတိုင်းအတာထက် ကျော်လွန်သွားစေပါတယ်’’ ဟု Masisi က ဆိုသည်။
ထို့အပြင် အစိုးရသည် လာမည့် အီစတာအားလပ်ရက်များတွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားနိုင်ရန် ဇုန်များအကြား လူများသွားလာမှုကန့်သတ်ခြင်းအား မတ် ၃၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။
ဘော့ဆွာနာနိုင်ငံတွင် ပြည်သူ့အရေးပေါ်အခြေအနေအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ ရက်တွင် စတင်ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ၆ လသက်တမ်းတိုးဆောင်ရွက်ခဲ့သည်။
နိုင်ငံအတွင်း ယနေ့အထိ ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉၁ ဦးနှင့် ရောဂါဖြစ်ပွားသူဦးရေ ၄၀,၈၇၈ ဦး ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Botswana extends state of public emergency to fight COVID-19
GABORONE, April 1 (Xinhua) — Botswana parliament on Wednesday passed a motion to extend the country’s state of public emergency by another six months to curb the spread of the COVID-19 pandemic.
Botswana’s President Mokgweetsi Masisi attended a parliament sitting to seek a resolution for a second extension of the state of public emergency due to the pandemic.
Addressing the meeting, Masisi said since the outbreak of the pandemic, the country has continued to experience serious challenges, which require a collective effort as a nation to overcome.
“The rapid increase of cases across the country, particularly in Gaborone, Palapye and Francistown, has stretched our human and financial resources beyond expectations,” Masisi said.
Furthermore, the government on Tuesday started to restrict movements of people between zones to curb the spread of the pandemic in the coming Easter Holidays.
The state of public emergency was initially declared in Botswana from April 2, 2020, and was further extended by another six months in September 2020.
The country has so far registered 40,878 cases and 591
Botswana’s former president Festus Mogae receives the COVID-19 vaccine at Block 8 Medical Clinic in Gaborone, Botswana, on March 26, 2021.(Photo by Tshekiso Tebalo/Xinhua)