WORLD
အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၇၀,၀၀၀ ဦးကျော် ရှိလာ
နယူးဒေလီ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၄ ဦးနှင့်အတူ သေဆုံးသူပေါင်း ၁၇၀,၀၀ဝ ကျော် (၁၇၀,၁၇၉ဦး ) ထိ ရောက်ရှိလာခဲ့ကြောင်း ဗဟိုအစိုးရက ဧပြီ ၁၂ ရက်တွင် နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
ထို့အတူ ၂၄ နာရီအတွင်း လူနာသစ် ၁၆၈,၉၁၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၃,၅၂၇,၇၁၇ ဦး ရှိလာခဲ့ကြောင်း သိရသည်။
ယခုထိ အိန္ဒိယနိုင်ငံ၌ နေ့စဉ် COVID-19 လူနာသစ် အရေအတွက်မှာ အမြင့်ဆုံး ဖြစ်နေချိန်တွင် ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်သော သေဆုံးသူ အရေအတွက်မှာ ယခုနှစ်တွင် တစ်ရက်တည်းတွင် အမြင့်ဆုံး အရေအတွက် ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ယခုလအတွင်း ၇ ကြိမ်မြောက် နှင့် ခြောက်ရက်ဆက်တိုက် COVID-19 လူနာသစ် ၁၀၀,၀၀၀ ဦးကျော် ရှိလာခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ ဆေးရုံများ၌ ဆေးကုသမှု ခံယူပြီး ဆေးရုံဆင်းခွင့်ရသူ အရေအတွက် ၁၂,၁၅၆,၅၂၉ ဦး ရှိလာခဲ့ပြီး လူနာ ၁,၂၀၁,၀၀၉ ဦး ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း လူနာ ၉၂,၉၂၂ ဦး မြင့်တက်လာခဲ့ပြီး ယခုနှစ်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ COVID-19 ထပ်မံ၍ လှိုင်းကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းကြောင့် နေ့စဉ်လူနာအရေအတွက်မှာ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း မြင့်တက်နေကြောင်း သိရသည်။
ဇန်နဝါရီလတွင် နေ့စဉ် ရောဂါဖြစ်ပွားသူအရေအတွက်မှာ ၁၀,၀၀၀ အောက် ကျဆင်းလာခဲ့ပြီး အများဆုံးအဖြစ် ဇန်နဝါရီ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် လူနာသစ် ၉,၁၀၂ ဦး ရှိလာခဲ့ပြီး ပြီးခဲ့သော ၂၃၇ ရက်တွင် အနည်းဆုံး ရှိခဲ့ကြောင်းသည်။ ယင်းမတိုင်မီက ၂၀၂၀ ပြည့်နှစ် ဇွန်လ ၄ ရက်တွင် နေ့စဉ် လူနာသစ်အရေအတွက်မှာ ၉,၃၀၄ ဦး ရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်မှုစတင်ချိန်ကတည်းက နိုင်ငံတွင် ပြည်သူ ၁၀၄,၅၂၈,၅၆၅ ဦးမှာ ကာကွယ်ဆေးထိုးနှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ဗဟိုအစိုးရသည် နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါစစ်ဆေးသည့် နေရာများအား ချဲ့ထွင်ခဲ့ပြီး ယခုထိ ဓာတ်ခွဲနမူနာ ၂၅၇ သန်းအား စစ်ဆေးထားပြီး ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁၁ ရက်အထိ ဓာတ်ခွဲနမူနာ ၂၅၇,၈၀၆,၉၈၆ ခုအား စစ်ဆေးထားပြီး ဧပြီ ၁၁ ရက် တစ်ရက်တည်းတွင် ဓာတ်ခွဲနမူနာ ၁,၁၈၀,၁၃၆ ခုအား စစ်ဆေးခဲ့ကြောင်း အိန္ဒိယ ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီက ဧပြီ ၁၂ ရက်တွင် နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အိန္ဒိယနိုင်ငံ၏ မြို့တော် ဒေလီမြို့သည် COVID-19 ရောဂါ ဖြစ်ပွားမှုအများဆုံးနေရာအနက် တစ်ခု ဖြစ်ပြီး ဧပြီ ၁၁ ရက်တွင် လူနာသစ် ၁၀,၇၇၄ ဦး နှင့် သေဆုံးသူ ၄၈ ဦး ရှိခဲ့ကြောင်း သိရသည်။
ဒေလီမြို့၌ ယခုအထိ COVID-19 ရောဂါကြောင့် လူနာ ၁၁,၂၈၃ ဦးသေဆုံးခဲ့ကြောင်း ဒေလီ ကျန်းမာရေးဌာနထံမှ သိရသည်။ (Xinhua)
————————————
(English Version)
India’s COVID-19 deaths surpass 170,000 mark
NEW DELHI, April 12 (Xinhua) — With 904 deaths in the past 24 hours, India’s total death toll due to the COVID-19 pandemic surpassed the 170,000 mark to reach 170,179, according to the latest data released by the federal government Monday.
Besides, 168,912 new cases took the total tally to 13,527,717.
While the figure of new daily COVID-19 cases is highest ever in the country so far, the deaths reported on Monday is the highest in a single day this year.
This is the seventh time within this month and the sixth consecutive day when more than 100,000 new COVID-19 cases were reported in India.
There are still 1,201,009 active cases in the country, while 12,156,529 people have been discharged so far from hospitals after medical treatment.
There was an increase of 92,922 active cases during the previous 24 hours, the highest this year so far.
The number of daily active cases has been on the rise over the past few days, as another wave of COVID-19 looms large in India.
In January the number of daily cases in the country had come down to below-10,000. As many as 9,102 new cases were reported on Jan. 25-26, which was the lowest in the previous 237 days. Prior to that the lowest number of daily new cases were 9,304 registered on June 4, 2020.
So far over (104,528,565 people have been vaccinated across the country since the nationwide vaccination drive was kicked off on Jan. 16.
Meanwhile, the federal government has ramped up COVID-19 testing facilities across the country, as over 257 million tests have been conducted so far.
As many as 257,806,986 tests were conducted till Sunday, out of which 1,180,136 tests were conducted on Sunday alone, said the latest data issued by the Indian Council of Medical Research on Monday.
The national capital Delhi, which has been one of the most COVID-19 affected places in the country, witnessed over 10,774 new cases and 48 deaths through Sunday.
So far as many as 11,283 people have died in the national capital due to COVID-19, confirmed the Delhi’s health department. Enditem