ကိုပင်ဟေဂင်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များအတွက် ဆန္ဒအလျောက် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ယခုနှစ်စက်တင်ဘာလခန့်မှစ၍ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဒိန်းမတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Soren Brostrom က ဇွန် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။...
ဘန်ကောက်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေး အလုံးရေ ၇,၀၀၃,၇၈၃ အား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း၌ လူထုကာကွယ်ဆေးထိုးနှံမှု စတင်ပြီးနောက် လွန်ခဲ့သော ၁၀ ရက်အထိ...
ပဲရစ် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex က ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအား ယခင်မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့သောကြောင့် အစိုးရအနေဖြင့် ပိတ်ဆို့မှုများ ဖြေလျှော့ခြင်းကို ပိုမိုလျှင်မြန်စွာဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေအိမ်ပြင်ပထွက်ခွာရာတွင် ပုံမှန်အခြေအနေ၌ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်စရာမလိုတော့ဘဲ “ညမထွက်ရအမိန့်”...
ကွာလာလမ်ပူ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၁၅၀ ဦးရှိပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းကူးစက်ခံရသူ ၆၇၃,၀၂၆ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ကွာလာလန်ပူ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ CanSino Biologics ကုမ္ပဏီမှ ထုတ်လုပ်သော တစ်ကြိမ်တည်းသာထိုးနှံရသော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၅ ရက်က ပြောကြားခဲ့သည်။ CanSino မှ ထုတ်လုပ်သော Convidecia Recombinant...
ဝါဆော၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ကာကွယ်ဆေးထိုးနှုန်းမြင့်တက်နေသော်လည်း COVID-19 စတုတ္ထလှိုင်းဖြစ်နိုင်ချေရှိကြောင်း ပိုလန်နိုင်ငံအစိုးရက ဇွန် ၁၅ ရက်တွင် တရားဝင်သတိပေးခဲ့သည်။
လန်ဒန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန်ဗီဇပြောင်း Delta ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အင်္ဂလန်နိုင်ငံတွင် ဇွန် ၂၁ ရက်နောက်ပိုင်းတွင် COVID ကန့်သတ်ချက်များအားလုံး ဖြေလျှော့ပေးခြင်းကို သီတင်းပတ်လေးပတ်ကြာ ဆိုင်းငံ့မည့်အကြောင်းကို ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇွန် ၁၄ ရက်၌ အတည်ပြုပြောကြားခဲ့သည်။...
ဆစ်ဒနီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဗန်နာတူနိုင်ငံ၌ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။ ဗန်နာတူနိုင်ငံ Port Vila မြို့ရှိ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားအပြီးတွင်...
မနီလာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သည် အိန္ဒိယနိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံ၊ အိုမန်နိုင်ငံနှင့်ယူအေအီး နိုင်ငံတို့ မှ ဝင်ရောက်မည့် ခရီးသွားများအားလုံးကို ဇွန် ၃၀ ရက် အထိ ပြည်ဝင်ခွင့် ကန့်သတ်ချက်တိုးမြှင့်လိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က...
ဘရပ်ဆဲလ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) အဖွဲ့အစည်း သုံးခုက နွေရာသီအားလပ်ရက်များအတွက် အချိန်ကိုက်ဖြစ်စေရန် ကျန်းမာရေးခွင့်ပြုချက်အသင့်ရရှိအောင် လက်ချင်းတွဲလျက် ဆောင်ရွက်ခဲ့ပြီးနောက် အီးယူ COVID ဒီဂျစ်တယ်အသိအမှတ်ပြုလက်မှတ် (EUDCC) အား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဇွန် ၁၄ ရက်က တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။...