Environment, Disasters & Accidents
မိုးကုတ်မြို့၌ မြေပြိုကျမှုကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက်(၆)နာရီခန့်က မြေပြိုမှု ဖြစ်ပွါးရာ လူ ၁၁ ဦးသေဆုံးပြီး အခြား ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် Parami Health Care Foundation မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

မိုးကုတ်မြို့၌ ယနေ့ နံနက် တွင် ဖြစ်ပွါးခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-Parami Health Care Foundation )

” ၄ နာရီ ၃၅လောက်မှာ ၁၁ ဦးလုံးရဲ့ Dead Body ရရှိတယ်၊ ၃ဦးကတော့ ဒဏ်ရာအနည်းအကျဉ်းပဲ၊ ဒီ၃ဦးက မနက် အစောပိုင်း ထမင်းဟင်းထချက်တော့ မြေပြိုချိန် လွတ်သွားတဲ့ လူတွေပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ မြေပြိုကျမှုကြောင့် လူနေအိမ် ၃လုံးပျက်စီးပြီး ယင်းနေအိမ်များရှိ လူ (၁၁)ဦး မြေပြိုကျမှုအတွင်း ပျောက်ဆုံးခဲ့ကြောင်း ၊ယင်းပျောက်ဆုံးသူများအား ကယ်ဆယ်ရေးဆောင်ရွက်ရာ အလောင်း ၁၁ လောင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မိုးကုတ်မြို့နယ်၌ သြဂုတ်လအတွင်းမြေပြိုကျမှု၊ တောင်ပြိုကျမှုနှင့်ကျောက်တွင်းမြေပြိုကျမှုကြောင့် လူအသေပျောက်များရှိခဲ့ကြောင်း မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ (Xinhua)