Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေသည် မြို့နယ်တချို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိ ၊ စက်တင်ဘာလတွင် မြစ်ရေကြီးခြင်းအန္တရာယ် ဆက်လက်သတိပြုရန်လိုအပ်

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် မြို့နယ်တချို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလတွင် မြစ်ရေကြီးခြင်းအန္တရာယ်အား ဆက်လက်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၂ ရက်တွင်ပြောသည်။ဦးလှထွန်းက “မြန်မာနိုင်ငံမြောက်ပိုင်း၊တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ မိုးက လက်ရှိမှာ များနေတယ်။ စက်တင်ဘာ ၁ ရက်က စပြီး မိုးနှောင်းကာလစတယ်။ ကျွန်တော်တို့က စက်တင်ဘာကို တတိယရေကြီးရာသီလို့သတ်မှတ်တယ်။ ပထမရေကြီးရာသီကဇူလိုင်၊ ဒုတိယရေကြီးရာသီက သြဂုတ်ဖြစ်တယ်။ သြဂုတ်လ မှ စိုးရိမ်ရေမှတ် ရောက်ခဲ့တဲ့မြစ်တွေ က ရေကအရမ်းကျမသွားတော့ နောက်ပိုင်း ရွာတဲ့မိုးရှိရင် ရေကဆက်တက်နိုင်တယ်။ ဒါကြောင့်စက်တင်ဘာလ က မြစ်ရေကြီးမှု ကို သတိပြုဖို့ လိုအပ်သေးတယ်။’’ ဟု ဆိုသည်။

ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ သိရသည်။

ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်(၃)ရက် အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်းနှင့် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကာ နောက်(၃)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်သဖြင့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်ပါ၍ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလမှ သတိပေးချက်ထုတ်ပြန်ထားသည်။
“စိုးရိမ်ရေမှတ်နီးကို ရောက်တဲ့အချိန် မရောက်သေးသော်လည်း မြစ်ကမ်းဘေး မြေနိမ့်ဒေသတွေမှာ ရေစဝင်တတ်တယ်။ မိုးနှောင်းကာလမှာ မြစ်ရေကြီးခြင်းအပြင် မိုးတိမ်တောင်ဖြစ်ပွားတာကိုလည်း ဂရုပြုသင့်ပါတယ်’’ ဟု ဦးလှထွန်းကပြောသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117