Connect with us

Myanmar

၂၀၂၃ ခုနှစ် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း အုပ်စု (စ) တွင် ကျရောက်

မြန်မာယူ-၂၃ အသင်း နှင့် အယ်လ်ဂျားဇီးယား Al Hamra FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းက အုပ်စု (စ) တွင် ကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
“အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့တာပါ’’ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြောသည်။
အုပ်စု (က) တွင် ဂျော်ဒန်၊ ကူဝိတ်၊ အင်ဒိုနီးရှား၊ နီပေါ အသင်းတို့ ကျရောက်ပြီး အုပ်စု (ခ)တွင် ပါလက်စတိုင်း၊ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂိုးလီးယား အသင်းတို့ကျရောက်လျက်ရှိကြောင်း၊ အုပ်စု (ဂ)တွင်မူ ဥဇဘက်ကစ္စတန်၊ ထိုင်း၊ မော်လ်ဒိုက်၊ သီရိလင်္ကာ အသင်းတို့ကျရောက်နေကြောင်း၊ အုပ်စု (ဃ)တွင် အိန္ဒိယ၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား အသင်းတို့ ကျရောက်လျက်ရှိကြောင်း၊ အုပ်စု (င) တွင် ဘာရိန်း၊တာ့ခ်မင်နစ္စတန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် အသင်းတို့ ကျရောက်လျက်ရှိပြီး အုပ်စု (စ) တွင် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မြန်မာ နှင့် စင်ကာပူ အသင်းတို့ ကျရောက်လျက်ရှိကြောင်း သိရသည်။
ခြေစစ်ပွဲကို ဇွန် ၈ ရက် ၊ ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် အသီးသီးကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခု ကို အိမ်ရှင်တစ်နိုင်ငံရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.