Agriculture
မြန်မာပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နယ်သာလန်နိုင်ငံမှ ကူညီမည်

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာပဲမျိုးစုံ နှင့်ဆီထွက် သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်သာလန်နိုင်ငံရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန (CBI) မှ ကူညီပေးမည်ဖြစ်ကြောင်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနထံမှ သိရသည်။
အဆိုပါ ကူညီပံ့ပိုးမှုအကူအညီကို ယခုလမှ ၂၀၁၈ ဧပြီလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည်။
ယင်း ကူညီမှုများအတွက် ဆီထွက်သီးနှံကဏ္ဍမှ ထွက်ရှိသည့်အစားအစာများ၏ အရည် အသွေး ပြည့်မီ ရေးနှင့် ဘေးကင်းလုံခြုံရေး အတွက် စိုက်ပျိုးရေး အလေ့ အကျင့်ကောင်း များ၊ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ် များ၊ သိုလှောင်ရုံ ထိန်းသိမ်းမှု အလေ့ အကျင့်ကောင်းများနှင့် သန့်ရှင်းမှု အလေ့အကျင့်များ တိုးမြင့်စေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)