Connect with us

Agriculture

စိုက်ပျိုးရေး ကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁ ရာခိုင်နှုန်း ခန့်သာရှိ

စပါးစိုက်ပျိုးနေမှုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍမှ ရရှိသော ဝင်ငွေပမာဏ သည် အိမ်နီးချင်းနိုင်ငံ များကြား၌ အနိမ့်ဆုံးဖြစ်ပြီး လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁ ရာခိုင်နှုန်း ခန့်သာ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ မှရရှိသော ဝင်ငွေကို တစ်နိုင်ငံလုံးရှိ လူဦးရေပေါ် မူတည်ပြီး တွက်ချက်ရာတွင် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဝဝ သာ ရရှိကြောင်း သိရသည်။လက်ရှိတွင် စိုက်ပျိုးရေး ကဏ္ဍသည် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး၏ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် အလုပ်အကိုင် ရရှိမှုတွင် ၆ဝ ရာခိုင်နှုန်း အထိရှိကာ မြင့်မားသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်စေရေး အတွက် စီးပွားရေးကဏ္ဍကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) မှ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ခွင့်ပြုထားခြင်း မရှိဘဲ အကန့်အသတ်များ ဖြင့်သာ ခွင့်ပြုထားသည်။

ယခုကဲ့သို့ အခြေအနေ မျိုးတွင် လယ်ယာကဏ္ဍ၌ နိုင်ငံတော် အစိုးရက ချေးငွေနှင့် ပတ်သက်သည့် ပံ့ပိုးမှုများ လုပ်ဆောင် ပေးခြင်း၊ စက်မှုလယ်ယာ စက်ကိရိယာများ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း နှင့် ပုဂ္ဂလိကဘဏ်မ ျားမှ ချေးငွေပေး နိုင်ခြင်းတို့ လိုအပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.