Culture & Entertainment
မယ်စကြဝဠာပြိုင်ပွဲတွင် အလှပဆုံး အမျိုးသားဝတ်စုံဆု မြန်မာ့အလှမယ်ထက်ထက်ထွန်းရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကျင်းပမည့် ၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ (Miss Universe 2016 ) ၏ အထူးခြားဆုံးနှင့် အလှပဆုံး အမျိုးသားဝတ်စုံအဖြစ် မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်းဝတ်ဆင်သော ရိုးရာရုပ်သေးဝတ်စုံကို ရွေးချယ်လိုက်ကြောင်း ကမ္ဘာ့အလှမယ်ပြိုင်ပွဲများကို ဝေဖန်အကြဲဖတ်ပေးနေသည့် သြဇာရှိအဖွဲ့အစည်းဖြစ်သော Missosology.org ကဖော်ပြထားသည်။
မယ်စကြဝဠာပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် LED ၌ စာတန်းထိုးပြီး မည်သည့်နိုင်ငံက အမျိုးသားဝတ်စုံပြိုင်ပွဲတွင် winner ဟူ၍ ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ထူးခြားသည့် National Costume (NC) နှင့် contestant ၏ Performance (သရုပ်ပြမှု) ကို ပရိသတ်ကို ပြန်ပြီးနောက်တစ်ခေါက်ပြချင်သည်ဟု ယူဆရသည့် အတွက် Miss Universe Organization အနေဖြင့် Full Dress Rehearsal (ဝတ်စုံပြည့်ရီဟာဇယ်) တွင်ထက်ထက်ထွန်း အား mini-theater လေးအပါအဝင် NC (တစ်စုံလုံးကိုပါ ယူလာခိုင်းကြောင်း၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ဖိုင်နယ်ပွဲနေ့တွင် NC ဆုအားမကြေညာတော့ဘဲ ယနေ့ Full Dress Rehearsal Show တွင် တစ်ရက်စော၍ ကြေညာလိုက်ခြင်းဖြစ်ကြောင်း Miss Universe National Director ဒေါ်စိုးယုဝေ၏ ဖေ့ဘွတ်စာမျက်နှာ ဖော်ပြချက်အရသိရသည်။
မြန်မာ့ရိုးရာဝတ်စုံကို တီထွင်ဆန်းသစ်ပြီး ရိုးရာအမွေအနှစ်ဖြစ်သော ရုပ်သေးရုပ်နှင့် တွဲဖက်ခဲ့သည့် Miss Universe Myanmar ထက်ထက်ထွန်းသည် National Costume ဆု ရရှိခဲ့သည့် ဝတ်စုံအား ဒီဇိုင်နာ Gam Htoi Lazing ၏ ဒီဇိုင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး Miss Universe ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံးအကြိမ် ဆုရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)