Culture & Entertainment
သေမင်းတမန် ရထားလမ်းပြတိုက် ဧပြီလ မတိုင်မီ ဖွင့်လှစ်နိုင်ရန်ခန့်မှန်းဟုဆို
 
																								
												
												
											ရန်ကုန်၊နိုဝင်ဘာ၂၉ရက်(ဆင်ဟွာ)
မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၌ တည်ဆောက်နေသော သေမင်းတမန် မီးရထားလမ်းပိုင်းပြတိုက် တည်ဆောက်ရေး စီမံကိန်းမှာ လာမည့်နှစ် ဧပြီလ မတိုင်မီ အချောသပ် လုပ်ငန်းများ အပြီး ဆောင်ရွက်ကာ ဖွင့်လှစ်နိုင်တော့မည်ဟု ခန့်မှန်း ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သေမင်းတမန်မီးရထားလမ်းပိုင်း ပြတိုက်မှာ ရန်ကုန်-မြိတ် ကားလမ်းမကြီးနှင့် ရန်ကုန်-ရေး မီးရထားလမ်းဆုံရာ သံဖြူဇရပ် မြို့နယ် ဝဲကဝါကျေးရွာတွင် တည်ရှိပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြေလေးဧကကျော်အကျယ်၌ တလမွန် ဆောက်လုပ်ရေး ကုမ္ပဏီက ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဧပြီလက လုပ်ငန်းစတင်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင်The Death Railway Museum နှစ်ထပ်အဆောက် အအုံမှာ ပြီးစီးလုပြီဖြစ်ပြီး သေမင်းတမန် မီးရထားလမ်းပိုင်း၌ ပထမဆုံးစတင်ပြေးဆွဲ ခဲ့သော ကျောက်မီးသွေးစွမ်းအင်သုံး C.0522 မီးရထားစက်ခေါင်းအမည်းကြီးအားလည်းကောင်း၊ မြန်မာ-ယိုးဒယားသေမင်း တမန် မီးရထားလမ်းပိုင်းစတင်ရာ အထိမ်း မီးရထားပြတိုက်နှင့် သမိုင်းရာဇဝင် ဆက်စပ်နေသော သံဖြူဇရပ်မြို့ပေါ်ရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့လည်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် လေ့လာနိုင်ကြောင်း သိရသည်။ (Xinhua)
