Culture & Entertainment
တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂ သောင်းကျော် ယခုနှစ် အတွင်း ဝင်ရောက် လည်ပတ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)
တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှ တစ်ဆင့် ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက် အထိ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂၂၉၈၂ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ဝင်ရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂ သောင်းကျော်တွင် ထိုင်း ၊ တရုတ် နိုင်ငံသား နှင့် တတိယ နိုင်ငံသား အများစု ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တောတောင် ရေမြေသဘာဝရှုခင်းများကို ပကတိ လေ့လာ ခံစားနိုင်စေရန်၊ နယ်မြေဒေသ အသီးသီးရှိ အထင်ကရ ခရီးစဉ်နေရာများ၊ ဒေသတစ်ခုနှင့်တစ်ခုကွဲပြားခြားနားသော ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် လူနေမှုဘဝပုံစံများကို ကိုယ်တိုင် လေ့လာ သိရှိ ခံစားနိုင်စေရန် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များသည် အဆက် မပြတ် ဝင်/ထွက် လည်ပတ်လျက်ရှိကြောင်း သိရသည်။(Xinhua)