Connect with us

Culture & Entertainment

မန္တလေးကျုံးပတ်လည်တွင် ရေကစားမဏ္ဍပ်ကြီး ၁၆ ခု ဆောက်လုပ်၍ သြင်္ကန်ရေသဘင်ဆင်နွှဲမည်

မန္တလေးတွင် ရေကစားမဏ္ဍပ် ဆောက်လုပ်နေမှုအားတွေ့ရစဉ်

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် မန္တလေးမြို့တော် မဟာသြင်္ကန်ဗဟို မဏ္ဍပ်ကြီးအပါအဝင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် ၁၆ ခု ဆောက်လုပ်၍ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်ကြီးများ အနက် လေလံစနစ်ဖြင့် နေရာချထား ပေးထားသည့် အရှည်ပေ ၁ဝဝ နှင့် ၂၅ ပေအကျယ်အဝန်းရှိ မဏ္ဍပ်ကြီး ၁ဝ ခုကို လည်းကောင်း၊ ဌာနဆိုင်ရာမဏ္ဍပ်ကြီး သုံးခုကိုလည်းကောင်း ကျုံးအရှေ့ဘက် နှင့် အနောက်ဘက်တို့တွင် အသီးသီး ဆောက်လုပ် ခွင့်ပြုထားပြီး ကျုံးတောင် ဘက်အခြမ်း လမ်းလျှောက်သြင်္ကန် ကျင်းပမည့်နေရာတွင် မန္တလေးမြို့တော် မဟာသြင်္ကန် ဗဟိုမဏ္ဍပ်၊ နန်းမြို့သူ ရေကစားမဏ္ဍပ်နှင့် ဟိုတယ်နှင့် ခရီး သွားလာရေး ရေကစားမဏ္ဍပ်ကြီးများ ဆောက်လုပ်၍ ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်ကို ဆင်နွှဲရန် အတွက် မန္တလေးကျုံးပတ်လည်နှင့် မြို့တွင်း အနှံ့အပြားတွင် မဏ္ဍပ်ကြီး များ၊ မဏ္ဍပ်ငယ်များ ကြိုတင်ပြင်ဆင်ဆောက် လုပ်နေကြပြီဖြစ်ပြီး မန္တလေးကျုံးအရှေ့ ဘက်နှင့် အနောက်ဘက်တို့တွင် ဆောက် လုပ်နေကြသည့် ပုဂ္ဂလိကရေကစား မဏ္ဍပ်ကြီးများမှ ၎င်းတို့၏ ရေကစား မဏ္ဍပ်သို့လာရောက်၍ပျော်ရွှင်စွာ ရေ ကစားနိုင်ရန် ဖိတ်ခေါ်မှုများဖြင့် ကျုံးပတ် လည်တွင် စည်ကားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.