Connect with us

Culture & Entertainment

မြန်မာ့ရတနာမြေ မိုးကုတ်မြို့ နှစ် ၈၀၀ ပွဲတော်နှင့်အတူ ဖွံ့ဖြိုးတိုးတက်နိုင်ရေးဒေသခံတို့မျှော်မှန်း


မန္တလေး၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး အရည်အသွေးအကောင်းဆုံး ပတ္တမြားနှင့် ကျောက်မျက်ရတနာများ ထွက်ရှိရာ အရပ်သည် မိုးကုတ်ဒေသ ဖြစ်သော်လည်း အဆိုပါ ဒေသသို့ နိုင်ငံခြားသားများအား ဝင်ခွင့်မပြုတော့သည့် အချိန်က စပြီးမိုးကုတ် ရတနာမြေ နှင့်ပတ်သက်၍ နိုင်ငံတကာက ဂရုမပြုမိဖြစ်ခဲ့ရသည်မှာ နှစ် ၆၀ ခန့်ပင်ရှိခဲ့ရပြီဖြစ်သည်။

ကမ္ဘာ့ ရတနာကုန်သည်ကြီးများက မေ့လျော့လာသည်နှင့်အမျှ မိုးကုတ်ဒေသ၏ ရတနာ ဈေးကွက်မှာ အာရှနိုင်ငံကြီးအချို့၏ စိတ်ကြိုက် ချယ်လှယ်ခွင့်ရသော ဝယ်သူ့ဈေးကွက် (Buyers’ market) ဖြစ် လာပြီး မိုးကုတ်ရှိ ဒေသခံ ပြည်သူတို့၏ စီးပွားဖွံ့ဖြိုးမှုက သိသိသာသာ လျော့ကျလာခဲ့တော့သည်။

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

လူငယ်ထုအတွက် အလုပ်အခွင့်အလမ်း ရှားပါးသဖြင့် အခြားဒေသများသို့ သွားရောက် လုပ်ကိုင် ရခြင်း၊ ဒေသဖွံ့ဖြိုးရေးများ နိမ့်ကျလာခြင်း စသည့် အခြေအနေဆိုးများမှ ရုန်းထွက်ပြီး ယခင် အနှစ်ခြောက်ဆယ်ခန့်ကကဲ့သို့ ကမ္ဘာ့အလယ် ဝင့်ထည်နိုင်စေမည့် အခွင့်အလမ်းကောင်းများကို မတ်လ ၂၉ ရက် တွင်စတင်ကျင်းပခဲ့သော “မိုးကုတ် အနှစ် ၈၀၀ ပြည့် ပွဲတော်” က ဆောင်ကြဉ်းပေးနိုင်လိမ့် မည် ဟု မိုးကုတ်သူ မိုးကုတ်သားတို့က ယုံကြည်မျှော်မှန်းထားကြသည်။

ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၈၀၀ ကျော်မြင့်ပြီး ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာ မျိုးစုံ ထွက်ရှိသော၊ သဖန်းပင် ရွာဟု အမည်တွင် ခဲ့သော မိုးကုတ်ဒေသကို မြန်မာ သက္ကရာဇ် ၅၇၉ ခုနှစ်က စတင် တည်ထောင်ခဲ့သဖြင့် ယခု မြန်မာ သက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် အနှစ် ၈၀၀ ပြည့်ပြီဖြစ်သည်။ နိုင်ငံခြားသားများအား နှစ် ၆၀ ခန့် ဝင်ခွင့် ပိတ်ထားခြင်း၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း တို့ကြောင့် ဥရောပနိုင်ငံများအပါအဝင်နိုင်ငံတကာက မေ့လျော့လာခဲ့သည့် မိုးကုတ်ကို ကမ္ဘာက ပြန်လည် သိမြင်လာပြီး ဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးလာ စေရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာ စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သော အဆိုပါ ပွဲတော်သို့ နိုင်ငံခြားသားများကိုပါဝင်ရောက်ခွင့် ပြုခဲ့ခြင်းမှာ ပွဲတော်၏ ထူးခြားချက် တစ်ရပ်ပင် ဖြစ်သည်။

ပွဲတော်မတိုင်မီ သုံးရက်ခန့်ကတည်းက ပလောင်၊ ရှမ်း၊ ချင်း၊ လီဆူနှင့် ဂေါ်ရခါး ဟူသည့် ဒေသခံ တိုင်းရင်းသားများက ဘာသာရေး လှုပ်ရှားမှုများဖြစ်သော မင်းခမ်းမင်းနားများ၊ ရိုးရာ ဝတ်စုံများ ဝတ်ဆင် ကာ ဝင်းခင်း၍ လှည့်လည်ကြခြင်း၊ မိုးကုတ်ဒေသ အရှေ့ပိုင်း အနောက်ပိုင်း စသည့် အဓိက နေရာ များ တွင် တရားပွဲများ၊ စာပေဟောပြောပွဲများ၊ အားကစား ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ၊ အာဟာရ ဒါန စတုဒီသာပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းတို့ကို လူမျိုး၊ ဘာသာ ကွဲပြားသော်လည်း စည်းလုံးညီညွတ်စွာ ရင်းနှီးချစ်ခင်စွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ပွဲတော်ကာလ ပြီးဆုံးမည့် မတ်လ ၃၁ ရက်အထိ ဆေင်ရွက်သွားကြမည်ဟုလည်း သိရသည်။

မတ်လ ၂၉ ရက်မှ၃၁ ရက်အထိ ကျင်းပမည့် ပွဲတော်ကို မိုးကုတ်မြို့ ပတ္တမြားစေတီတော် တည်ရှိရာ ဘီးတောင် နှင့် မြို့လယ် ရေကန်ကြီး အကြား၊ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်အသစ် တည်ရှိရာ ပြည်သူ့ ရင်ပြင် မုန်ကွင်း၌ ကျင်းပခဲ့ရာ မတ်လ ၂၉ ရက် ဖွင့်ပွဲ ပထမနေ့တွင် ဒေသခံ ပြည်သူများနှင့်နိုင်ငံအနှံ့အပြားမှပြည်သူများ၊ကမ္ဘာလှည့်ခရီးသွားများအပါအဝင်ပြည်သူ ခြောက်ထောင်ခန့်က တိုးမပေါက်အောင် တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲသို့တက်ရောက်လာသည့် မိုးကုတ်မြို့သား ဖြစ်သော ရှမ်း – ဗမာ လူမျိုး အသက်၇၉ နှစ်ရှိ ဦးလေးမောင်က “ဒီနေ့ပွဲတော်ကိုကြည့်ပြီး မိုးကုတ်မြို့ဟာ ဦးတို့ ငယ်ငယ်တုန်းကလို ပြန်ပြီး ဖွံ့ဖြိုး စည်ကားလာတော့မယ်လို့ ယုံကြည်ပါတယ်၊ ‘ဘီးနဲ့ မှန် အကြား ကြည်လင်သန့်ရှင်းပြီး သဟဇာတ မျှတပြီး အံဝင်ခွင်ကျ ဖြစ်ပြီဆိုရင် မိုးကုတ်မြို့ကြီး ကြက်ပျံမကျ စည်ကားမယ်’ လို့ အရင် အနှစ် သုံးဆယ်လောက်ကတည်းက တဘောင် စကား ရှိခဲ့ပြီးသားမို့ပါ၊ ဘီးက ရသေ့ကြီး ဦးခန္တီ တည်ထားခဲ့ တဲ့ ဘီးတောင်ပေါ်က ပတ္တမြားစေတီ၊ မှန် ဆိုတာက အခု မြို့လယ်က ဒီရေကန်ကြီးပေါ့၊ အရင် နှစ် ပေါင်းများစွာမှာ ရေကန်ကြီးရော ဘီးတောင် ခြေရင်းရော အမှိုက်တွေနဲ့ ညစ်ပတ် နောက်ကျိလို့ ၊ ရှုပ်ပွလို့။ ဟော အခုတော့ နှစ်ခုစလုံး ကြည်လင် သန့်ရှင်းပြီး တိုင်းရင်းသား ပေါင်းစုံ ဧည့်သည် ပေါင်းစုံ တိုးလို့မရအောင် ပျော်ရွှင် စည်ကားနေကြပြီလေ” ဟု ဆင်ဟွာကို ပြောခဲ့သည်။

နိုင်ငံခြားသားများ ဝင်ရောက်လေ့လာ ဝယ်ယူနိုင်ရန် ပွဲတော်ကာလမတိုင်ခင် လေးရက်ကတည်းက နှစ် ၈၀၀ ပွဲတော်အတွက် ကြိုတင်ဖွင့်လှစ်ထားသည့် ပန်းခြံထာပွဲရှိ ကျောက်မျက်ရတနာ အရောင်း ပြပွဲ၌ ဆိုင်ဖွင့်ထားသော ဒေသခံ ရတနာကုန်သည် ကိုဝဏ္ဏကလည်း “နိုင်ငံခြားသား ကုန်သည်တွေ ရောက်လာရင် ရတနာဈေးကွက်ကြီးက တိုးတက်ပြောင်းလဲသွားမှာ သေချာပါတယ်၊ တကယ့် တန်ရာ တန်ဖိုး ကမ္ဘာ့ ပေါက်ဈေးနီးပါးကို လည်း မျှော်မှန်းခွင့် ရှိလာမှာ၊ ဒီ နှစ် ၈၀၀ ရာပြည့်ပွဲကြောင့် မိုးကုတ် ကို ကမ္ဘာက ပြန်သိလာမယ်လို့ မျှော်လင့်ပါတယ်၊ အခုက ကိုယ့် အချင်းချင်း ပြန်ရောင်းနေကြရတဲ့ ပုံစံဖြစ်နေတယ်” ဟု ဖြေကြားခဲ့သည်။

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်မြို့ ပန်းခြံ ထားပွဲဈေးအတွင်း ရတနာ အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

မိုးကုတ်ဒေသ၊ သို့မဟုတ် ရတနာ ဈေးကွက်ကြီးတစ်ခုလုံးကို တိုးတက်ပြောင်းလဲစေရန် အဓိကကျ သည့် နိုင်ငံခြားသားများအား မိုးကုတ်ရတနာမြေ ဒေသသို့ ဝင်ခွင့်ရှိရေးအတွက် သမ္မတထံ ဆက် လက် တင်ပြပြီး ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်က ဆင်ဟွာကို ပွဲတော် ဖွင့်ပွဲ အခမ်းအနားအပြီးတွင်ပြောခဲ့သည်။

“သူတို့ကို ဝင်ခွင့် ပြုသင့်တဲ့ အချိန်ကိုလည်း ရောက်နေပါပြီ၊ ဒါမှသာ ပတ္တမြားမြေက ထွက်တဲ့ ကျောက်သံပတ္တမြားတွေဟာ ဥရောပကို ရောက်ပြီး ဥရောပက သိလာပြီး ဒေသခံတွေ စီးပွားရေး ဖွံဖြိုးလာနိုင်မယ်၊ ကျောက်မျက် ကုမ္ပဏီကြီးတွေကို ပေးထားရုံနဲ့ ဒေသခံတွေ မတိုးတက်နိုင်ဘူး၊ ဒီကိစ္စကို နိုင်ငံတော် သမ္မတထံ တင်ပြပြီး လုပ်ဆောင်သွားပါ့မယ်” ဟု ဝန်ကြီးချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံခြားသားတွေ ဝင်ထွက် သွားလာခွင့် ရပြီဆိုတာနဲ့ ဒီ နှစ် ၈၀၀ ပြည့် ပွဲတော်ကြီးရဲ့ ရည်ရွယ် ချက်အတိုင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာရေး တွေကလည်း အလိုလို ပြည့်စုံလာမှာ” ဟု ၎င်းက ဆက်ပြောခဲ့သည်။

လောလောဆယ်အားဖြင့် မိုးကုတ်မြို့သို့ ပြင်ဦးလွင်လမ်းသစ်မှ ဝင်ရောက်ရန် ရာနှုန်းပြည့် လုံခြုံမှု မရှိသေးသော်လည်း မန္တလေး- မတ္တရာ- မိုးကုတ် – ကားလမ်းမှ လုံခြုံ စိတ်ချစွာ ဝင်ရောက်နိုင်ကြောင်း၊ ကိုလိုနီခေတ်ကတည်းက ဖောက်လုပ်ခဲ့သော အဆိုပါ လမ်းတစ်လျှောက် ယခင် နှစ်ပေါင်းများစွာက မပြုပြင်နိုင်ခဲ့သဖြင့် လမ်းသားများ ကျင်းချိုင့် များစွာ ရှိခဲ့သည့် ကားလမ်းမှာ ယခု အခါ ပြုပြင်ထားပြီး ဖြစ်၍ များစွာ ကောင်းမွန်လာပြီ ဖြစ်ကြောင်းလည်း ဝန်ကြီချုပ်က ပြောခဲ့သည်။

ထို့အပြင် အစိုးရသစ်လက်ထက်၌ သတ္တုတွင်း ဥပဒေနှင့်အညီ မိုးကုတ်ဒေသခံ ပြည်သူတို့ တစ်နိုင်တစ်ပိုင် လုပ်ပိုင်ခွင့်များလည်း ရရှိထားပြီဖြစ်ရာ ယခု ကျင်းပလျက်ရှိသည့် နှစ် ၈၀၀ ပြည့် ပွဲတော်ကြောင့်သာမက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မှန်ကန်သော ရပ်တည်ချက်ဖြင့် ကြိုးပမ်းမှုများအရ မိုးကုတ်သားတို့ယုံကြည်မျှော်မှန်းထားသည့် အတိုင်း မိုးကုတ်ဒေသ၊ သို့မဟုတ် ပတ္တမြားမြေ (Ruby Land) တစ်ကြော့ပြန် ပြန်လည် ဖွံ့ဖြိုး တိုးတက်လာရေးမှာ အချိန်အားဖြင့် မဝေးတော့ဟု ဆိုရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.