Connect with us

Culture & Entertainment

မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့အား ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည်

အလောင်းဘုရား ရွှေပေလွှာအား တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့၏ ယူနက်စကို အသိအမှတ်ပြု မှတ်တမ်း ဂုဏ်ပြုလွှာများကို အမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းနိုင်ရန်နှင့် အများပြည်သူ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ပုံစံတူ သတ္တုပြား၊ ကြွေပြားများဖြင့် ရေးထွင်းကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရှိ ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းရရှိသည်။

ထို့ပြင် မြန်မာဘုရင် အလောင်းမင်းတရားကြီး မှ ဗြိတိန် ဘုရင်ထံ ပေးပို့ခဲ့သော ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်း ထားသည့် ရွှေပေလွှာကို ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းသို့ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲ တင်ပြခဲ့ရာ လက်ရှိတွင် ဂျာမနီ အစိုးရမှ ယင်းရွှေပေလွှာ၏ ဒစ်ဂျစ်တယ် မိတ္တူကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် အတွက် ယခုအခါ ပြည်သူများ လေ့လာ ကြည့်ရှုနိုင်ရန် အဆိုပါေ ရွှပေလွှာကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်တွင် ကမ္ဘာ့ အမွေအနှစ် လျှောက်ထားမှုပေါင်း ၈၈ ခုအနက် မြစေတီ ကျောက်စာကို ယူနက်စကိုမှ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.