Connect with us

Culture & Entertainment

ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်လှစ်၊ ရေပက်သူများဖြင့်စည်ကား


ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

၁၅ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်-ရန်ကုန် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးအေးမောင် နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရေပက်ကစားသူများ နှင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ပွဲတော်ကျင်းပရေး ဒုတိယဥက္ကဋ္ဌ၊ဖျော်ဖြေရေးတာဝန်ခံ ဦးသန်းမောင် က “ရခိုင်သြင်္ကန်က ဒီဘက်ခေတ် ရန်ကုန်မှာဆက်တိုက်ကျင်းပတာ ၁၅ ကြိမ်ရှိပြီ။၂၀၀၃ ခုနှစ် ကနေ ၂၀၁၈ ခုနှစ် ဆိုရင် ၁၅ကြိမ်မြောက်၊ ဒီနှစ်က မဏ္ဍပ်ပေါင်း ၂၁ ခုရှိတယ်။ လူစိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတယ်။ရေ၊ မီး စသဖြင့် ကုန်ကျစားရိတ်တော့ ပိုမြင့်လာတယ်။ ဖျော်ဖြေရေးက မနက်ဖြန်က စပြီး ၃ ရက် ဆက်တိုက်ရှိမယ်။ တိုင်းရင်းသား ရိုးရာ အကတွေ လာကကြမယ်။ CCTV ကင်မရာ အလုံး ၅၀ ကျော်တပ်ထားတယ်။ လုံခြုံ ရေးကအတွင်းစည်း၊ အပြင်စည်း၊ အလယ်စည်း အားလုံးလုပ်ထားတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်များတွင် ရေကစားနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင်ယနေ့ မွန်းလွဲ ၁ နာရီအချိန် တွင် ကျင်းခဲ့ပြီး ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်များ ကိုဖွင့်လှစ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ရခိုင်ရိုးရာယိမ်းအကများ ရခိုင်တေးသီချင်းသီဆိုဖြေဖျော်မှုများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ ရခိုင်ရိုးရာအစားအစာများနှင့် အမှတ်တရ ပစ္စည်းများ ရောင်းချခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်တွင် ရခိုင်မျိုးနွယ်စုဝင် အခြားတိုင်းရင်းသားများ ၏ မဏ္ဍပ်များလည်း ပါဝင်လာကြောင်း၊ မဏ္ဍပ်များတွင် စတုဒိသာကျွေးလျက်ရှိကြောင်း ဦးသန်းမောင်ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.