Culture & Entertainment
သြင်္ကန်ကာလတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိပါက ကြက်ခြေနီအသင်းသို့အကူအညီတောင်းခံနိုင်
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် မဟာသြင်္ကန်ကာလတွင် ရန်ကုန်မြို့၌ မြန်မာ့ရိုးရာသြင်္ကန်ကို ပါဝင်ဆင်နွှဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မီညွှန်းပို့နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍပ်နေရာများတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ် မဟာသြင်္ကန်ရေကစားမဏ္ဍပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးနေသည့် မဏ္ဍပ်နေရာများနှင့် မြို့နယ်အလိုက် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကိုလည်းထုတ်ပြန်ခဲ့သည်။
အင်းလျားကန်ဘောင်အနီး တစ်ဝိုက်တွင် လုံခြုံရေးပေးနေသည့် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြို့နယ်ကြက်ခြေနီအင်အား (၁၅)ဦး ဖြင့် ကူညီလျက်ရှိကြောင်း၊ ရေကန်အတွင်းလှည့်လည် ကြည့်ရှုစောင့်ရှောက်မှုများ လည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဗဟိုမဏ္ဍပ်၊ မြို့တော်ခန်းမ
ဦးတင်ကိုကို (ဦးစီးမှူး(ဒုတိယတန်း)) ၀၉ ၅၅၀၀၄၉၀၊ ၀၉ ၃၂၂၄၈၉၉၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အင်းလျားကန်ဘောင်၊ IBC ၊ ပြည်လမ်းနှင့် မြကျွန်းသာပန်းခြံ၊ ကမ္ဘာအေးစေတီလမ်း
ဦးမောင်မောင်ဦး (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး) ၀၉ ၅၀၅၃၃၅၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သုဝဏ္ဏအားကစားကွင်း၊ ရခိုင်မဏ္ဍာပ်၊ ကန်တော်ကြီးမျှော်စင်ကျွန်း
ဦးခင်သန်း (ယာယီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး) ၀၉ ၄၂၁၁၀၉၆၇၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သံလျင်မြို့မဈေးအနီး
ဦးနေလင်းထွန်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး) ၀၉ ၄၂၁၁၀၉၆၉၇၊၀၉ ၇၉၉၄၄၃၀၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်၊ လှော်ကားဥယျာဉ်
ဦးထိန်လင်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး) ၀၉ ၇၃၀၄၂၇၉၇၊ ၀၉ ၂၆၁၈၀၄၀၈၅
မရမ်းကုန်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ အင်းလျားကန်ဘောင်အနီး ဦးမောင်မောင်မြင့်
(မရမ်းကုန်း မြို့နယ်မှူး) ၀၉ ၄၂၁၁၀၉၆၈၈
အဆိုပါနေရာဒေသအလိုက် ကူညီစောင့်ရှောက်မှုပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုမှ ဦးဆောင်ကွပ်ကဲ၍ သက်ဆိုင်ရာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀) ကျော်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)