Connect with us

Culture & Entertainment

လပွတ္တာမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထိခိုက်ဒဏ်ရာရရှိသူများအားကူညီဆောင်ရွက်ပးလျက်ရှိ

လပွတ္တာမြို့တွင် ကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံကြက်ခြေနီအသင်း)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

လပွတ္တာမြို့၌ မြန်မာ့ရိုးရာသြင်္ကန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လပွတ္တာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မဟာသြင်္ကန်ရေကစားမဏ္ဍာပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးနေသည့် မဏ္ဍာပ်နေရာများကို ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပြန်ခဲ့သည်။

၎င်းဖုန်းနံပါတ်များမှ ဦးကျော်စိုး (မြို့နယ်တပ်ဖွဲ့မှူး) ၀၉၄၂၂၅၅၆၄၄၉ ၊ဦးအောင်ဝင်းဆွေ (ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး) ၀၉၇၇၇၄၆၈၀၀၆ ၊ဦးချစ်သူ (ကြက်ခြေနီတပ်စုမှူး) ၀၉၄၂၂၅၀၈၉၄၇ တို့ဖြစ်ကြသည်။အဆိုပါ ကူညီစောင့်ရှောက်မှုပေးခြင်းများကို လပွတ္တာမြို့နယ်ကြက်ခြေနီသူနာပြုတက်ဖွဲ့မှ ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိုး၊ ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးအောင်ဝင်ဆွေနှင့် တပ်ဖွဲ့ဝင်(၇)ဦးတို့က ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.