Connect with us

Education & Health

တရုတ်အပ်စိုက်ပညာ သင်ယူရန် တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာများကို တရုတ်သို့စေလွှတ်မည်

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တိုင်းရင်းဆေး တက္ကသိုလ်ရှိ ကျောင်းသားများအား တရုတ် အပ်စိုက်ပညာ တတ်မြောက်ရန် ၎င်း တက္ကသိုလ်မှ အရည်ချင်းရှိသော ဆရာများကို တရုတ်နိုင်ငံသို့စေလွှတ်မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာ သို့ပြောကြားသည်။

“တရုတ်အပ်စိုက်ပညာဟာ အတော်ကောင်း ပါတယ်၊ ဒီပညာနဲ့မကုနဲ့လို့ပြောတာ မဟုတ်ဘူး၊ ကျွမ်းကျင် အောင် လုပ်ပြီးမှ ကုဖို့ပြောတာပါ၊ ဒါပေမယ့် ပိုတော်အောင်တော့ တရုတ်နိုင်ငံမှာ သွားသင်ရမယ်လေ၊ တရုတ်နိုင်ငံက အရမ်းတိုးတက်နေတော့ အဲဒီမှာ သွားသင်ရမှာပဲ။ ဒီက ကျောင်းသားတွေ တော်ဖို့အတွက် တော်တဲ့ ဆရာတွေကို တရုတ်ပြည်ကို လွှတ်မယ်၊ သင်ယူခိုင်းမယ်။ ဒါမှ ကိုယ့် ကျောင်းသားတွေ တော်မှာ၊ ဒီအစီအစဉ်ကို ညွှန်ကြားရေးမှူးချုပ် နဲ့တိုင်ပင်ပြီး အမြန်ဆုံး စမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်)က “တရုတ်ပြည်မှ အပ်စိုက် ဗေဒ ပညာရပ်(Acupuncture) နှင့် အိန္ဒိယ အာယုဗ္ဗေဒ ဘာသာရပ်တို့ကို ဆက်လက် ပို့ချ၍ ကုသခန်းတွင် အသုံးပြု ခွင့် ရှိ မရှိ နှင့် မည်သည့်ကာလတွင် စတင် ကုသခွင့် ပြုမည်ကို သိရှိလိုခြင်း” ဟူသည့် မေးခွန်းကို မေးမြန်းခဲ့ရာ မြန်မာနိုင်ငံတွင် ကျွမ်းကျင် တတ်မြောက်သည့် တရုတ် အပ်စိုက်ပညာရှင်များ ပေါ်ပေါက်ရေး အတွက် တရုတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး က ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.