Connect with us

Education & Health

လွှတ်တော်ကိုယ်စားလှယ်များအား တရုတ်ဘာသာစကားသင်တန်း လွှတ်တော်တွင် ပို့ချရန် စီစဉ်

လွှတ်တော်ကိုယ်စားလှယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်တွင် ယခင်ရှိနှင့်ပြီး ဖြစ်သည့် အင်္ဂလိပ်စာ စွမ်းရည်မြှင့် သင်တန်းကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များအား တရုတ်ဘာသာစကား လေ့ကျင့်သင်ကြားနိုင်ရန် အခမဲ့ သင်တန်းပို့ချနိုင်ရေး စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်)က ဆင်ဟွာသို့ ယနေ့ ပြောသည်။

“ဒီသင်တန်းကို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်တွေ အားလုံး အပြင် အမျိုးသား လွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော် ရုံးတွေက ဝန်ထမ်းတွေပါ မိမိတို့ဆန္ဒရှိရင် တက်ရောက် သင်ယူ လေ့ကျင့်နိုင်အောင် စီစဉ်နေပါ တယ်၊ ဒီလို သင်ကြားနိုင်အောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး (ရန်ကုန်)နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး) တို့က ကူညီ ဆောင်ရွက်ပေးပြီး သင်ကြားမှုကိုတော့ တရုတ် – မြန်မာ ချစ်ကြည်ရေး အသင်းကြီးက ဦးစီး ကွပ်ကဲသွားမှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံပြန် မြန်မာ ပညာတော်သင်များ အသင်း (မန္တလေး) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်)က ရှင်းပြသည်။

ထိုအစီအစဉ်နှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်မြင့်က “ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကလည်း ခွင့်ပြုလိုက်ပါပြီ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မိမိ ဆန္ဒ အလျောက် တက်ရောက်လိုက တက်ရောက်ဖို့ပါ၊ လောလောဆယ်မှာတော့ ကိုယ်စားလှယ် ၆၀ လောက်က စာရင်းပေးထားပါတယ်၊ သင်တန်း စဖွင့်ရင် ဦးရေ အတိုးအလျော့ ရှိနိုင်ပါတယ်၊ အခု တတိယ ပုံမှန် အစည်းအဝေးက နောက်တစ်ပတ်လောက်မှာ ပြီးပါမယ်၊ နောက်တစ်လလောက်မှာ စတုတ္ထပုံမှန် အစည်းအဝေး ပြန်စတာနဲ့ ဒီသင်တန်းကို စဖွင့်ပါမယ်” ဟု ဆင်ဟွာသို့ဖြေကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.