Connect with us

Education & Health

မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ်နိုင်

မြွေဆိပ်ဖြေဆေးထုတ်ဆေးရုံ အင်းစိန်အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံ၌ ယခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြွေဆိပ်ဖြေဆေး ကို မြင်း၏ သွေးရည်ကြည် မှတစ်ဆင့် ထုတ်လုပ်ခြင်း ဖြစ်၍ မြန်မာနိုင်ငံ၌ စီးပွားဖြစ် မြင်းမွေးမြူမှု နည်းပါးပြီး မြင်းလှည်းကျ မြင်းများသာ ရှိခြင်းကြောင့် မြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) အထိ ရှာဝယ် ရကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးကို ၁၉၆၂ ခုနှစ် ကတည်းက ဘီပီအိုင် စက်ရုံမှ မြင်း သွေးရည်ကြည် ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလုံးရေ ထောင်ဂဏန်းခန့်သာ ထုတ်လုပ်နိုင်ကာ ယခုအခါ သိုးမှတစ်ဆင့် ထုတ်လုပ် နိုင်သည့် နည်းပညာ များလည်း ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.