Connect with us

Education & Health

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများကြေညာ

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- FDA)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မာကျူရီပါသည့် အလှကုန်ပစ္စည်းတချို့အား သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါအလှကုန်ပစ္စည်းများမှာ Gold Face Compound Cream For Man (Made in Myanmar)၊ Gold Face Compound Cream For Lady (Made in Myanmar)၊ Gold Face Compound Cream For Lady Night Cream (ဘယ်နိုင်ငံလုပ်ဆိုသည်ကိုဖော်ပြခြင်းမရှိ) O White Whiting Cream (Ok Cosmetic ltd Partnership Thailand) တို့ ဖြစ်ကြောင်း သိရသည်။

ထိုအလှကုန်ပစ္စည်း ၄မျိုးသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း မာကျူရီ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်ပါကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

၎င်းအလှကုန်များတွင် ပါရှိသည့် အဆိပ်သင့်မာကျူရီပြဒါးသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဒာကိုယ်တွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကြွရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ရောဂါ နှင့် အခြားရောဂါများပါ ဖြစ်ပွားစေကြောင်း သိရသည်။

အလှကုန်ပစ္စည်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ နှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး ၊ ရောင်းချခြင်းအားဆောင်ရွက်ပါက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.